Tuesday, August 11, 2026

ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်...

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့ သြဂုတ် ၁၀ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပြု ပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတားပုံမှန်ပြန်...

ကာကွယ်ရေးပူး‌ပေါင်း‌ဆောင်ရွက်မှုနက်ရှိုင်းစေရန် ဗီယက်နမ်နှင့် သြစတြေးလျ သဘောတူ

အင်္ဂါနေ့က ကင်ဘာရာတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံ စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှင့် မရှိမဖြစ်သော ကုန်သွယ်မှုကို လွတ်လပ်စွာစီးဆင်းစေရေးကို ထောက်ခံပံ့ပိုးရန် သြစတြေးလျနှင့် ဗီယက်နမ်တို့...

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ...

မြို့သစ်၊ ဩဂုတ်-၁၁ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးအတွက်အသုံးပြုနေသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရှိသည့်အနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှာ ဩဂုတ်လ လဆန်းပိုင်းကစတင်၍...

ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အမျိုးသမီးများ ခေါ်ယူနေဟု ထွက်ပေါ်နေသည့်သတင်းသည်...

နေပြည်တော်၊ဩဂုတ်-၁၁ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်းများ လုံးဝမရှိကြောင်းနှင့် မှော်ဘီမြို့ရှိ ရကသ (၄) တွင် သင်တန်းဖွင့်လှစ်ထားသည်ဆိုသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏...
HomeMoviesမြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ချေးငွေ မပေးဆပ်သည့် ကုမ္ပဏီ...

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ချေးငွေ မပေးဆပ်သည့် ကုမ္ပဏီ ၂၃ ခုနှင့် ဒါရိုက်တာအဖွဲ့ဝင်များ အမည်မည်းစာရင်း(Black List) သတ်မှတ်ခံထားရ

ရန်ကုန်၊ဩဂုတ်-၁၁

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) တွင် အွန်လိုင်းမှတ်ပုံတင်စနစ်ဖြင့် ဖွဲ့စည်းမှတ်ပုံတင်ထားသော ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း DICA က အသိပေးထားသည်။

ထို့ပြင် မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းနှင့်သက်ဆိုင်သည့်အစိုးရဌာန၊ အဖွဲ့အစည်းများမှ ချမှတ် ထားသော အခြားတည်ဆဲဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း DICA က အသိပေးထားသည်။

ထို့အပြင် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် သက်ဆိုင်သည့် အစိုးရဌာနများ၊ အဖွဲ့အစည်းများက ချမှတ်ထားသော တည်ဆဲဥပဒေ၊ နည်းဥပဒေများကို လိုက်နာမှုမရှိကြောင်း တွေ့ရှိပါက DICA ဝက်ဘ်ဆိုက်မှတစ်ဆင့် မှတ်ပုံတင်အရာရှိက အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ပူးတွဲဖော်ပြထားသည့် ကုမ္ပဏီ ၂၃ ခုနှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များသည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ချေးငွေ (၂၀၂၄) ဖြစ်စဉ်တွင် ချေးငွေရယူပြီး ချေးငွေဆက်လက်ပေးဆပ်ရန် ပျက်ကွက်နေသည့် ကုမ္ပဏီများ ဖြစ်သဖြင့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အမည်မည်းစာရင်း (Black List) ထည့်သွင်းသတ်မှတ်ထားကြောင်း DICA ၏ အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

DICA အနေဖြင့် ကုမ္ပဏီများအား သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ၏ သတ်မှတ်ချက်များကို လိုက်နာရန် ထပ်မံအသိပေးထားခြင်းဖြစ်သည်။

အဆိုပါ အသိပေးကြေညာချက်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားခြင်းဖြစ်ပြီး ကုမ္ပဏီ ၂၃ ခုနှင့် ဒါရိုက်တာအဖွဲ့ဝင်များအား Black List သတ်မှတ်ထားကြောင်း အများပြည်သူသိရှိနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ website တွင် အသိပေးထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် NSPNC နှင့် NDAA တို့တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ(NSPNC)နှင့် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့(NDAA)တို့ သြဂုတ် ၁၀ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နှစ်ဖက်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ ဒေသတည်ဆောက်ရေး၊ ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပြု ပြင်ရေး၊ မိုင်းယု-ကျိုင်းယန်းတံတားပုံမှန်ပြန် လည်ဖြတ်သန်းသွားလာနိုင်ရေး၊ နယ် စပ်ဒေသပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုအဆင့်အတန်းကို စဉ်ဆက်မပြတ်မြှင့်တင်ပေးနိုင်ရန်အတွက် သင်ကြားရေးဝန်ထမ်းများလေ့ကျင့်ပျိုးထောင်ခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဆေးဘက်ဆိုင်ရာလူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်ပေးခြင်း၊ ဆေးဝါးနည်းပညာဆိုင်ရာများဖ လှယ်ခြင်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ခြင်းကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုများကိုဆက်လက်မြှင့်တင် ဆောင်ရွက်ပေးရေး၊ စိုက်ပျိုးရေးထွက်ကုန်များအတွက် မူဝါဒပိုင်းဆိုင်ရာပံ့ပိုးမှုများကို နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးနိုင်ရေးတို့ကိုလည်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန်ညှိနှိုင်းပြီး မှတ်တမ်းအားလက်မှတ်ရေးထိုး အ တည်ပြုကြပြီး NDAA ဥက္ကဋ္ဌဦးထိန်လင်းက ဧရာဝတီတိုင်း၊...

ကာကွယ်ရေးပူး‌ပေါင်း‌ဆောင်ရွက်မှုနက်ရှိုင်းစေရန် ဗီယက်နမ်နှင့် သြစတြေးလျ သဘောတူ

အင်္ဂါနေ့က ကင်ဘာရာတွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး တွေ့ဆုံ စဉ်စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် နှင့် မရှိမဖြစ်သော ကုန်သွယ်မှုကို လွတ်လပ်စွာစီးဆင်းစေရေးကို ထောက်ခံပံ့ပိုးရန် သြစတြေးလျနှင့် ဗီယက်နမ်တို့ သဘောတူညီခဲ့ကြပြီး ကမ္ဘာတစ်ဝန်းထောက်ပံ့ ဖြည့်တင်းရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေသည့် မူဝါဒများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို နှစ်ဖက်စလုံးက ဖော်ပြခဲ့ကြသည်။ သြစတြေးလျဝန်ကြီးချုပ် အန်‌ထော်နီ အယ်လ်ဘန်နီးစ်နှင့် ဗီယက်နမ်သမ္မတ တိုလမ်တို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို ခိုင်မာအားကောင်းစေရန် သဘောတူညီခဲ့ ကြပြီး နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများနှင့် လူမှောင်ခိုကူးမှုများကို တန်ပြန် ချေမှုန်းရေးတွင် ပိုမိုလုပ်ဆောင်ရန် ကတိပြုခဲ့ကြသည်ဟု...

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့်ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ စတင်ရေကျော်ကျ

မြို့သစ်၊ ဩဂုတ်-၁၁ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးရေးအတွက်အသုံးပြုနေသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့် ဘုတ်ချောင်းဆည်ရှိသည့်အနက် စွန်ဆည်နှင့် ဆဒ္ဒန်ဆည်တို့မှာ ဩဂုတ်လ လဆန်းပိုင်းကစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယနေ့ ဩဂုတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီအချိန်တွင် ရေပိုလွှဲမှ ရေများ စတင်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅) ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ (၆၂၅ ဒသမ ၆၀)ပေရှိသည့်အတွက် ရေပိုလွှဲမှ( သုည ဒသမ ခြောက်ပေခန့်)၊ ဆဒ္ဒန်ဆည်ရေလှောင်တမံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071