ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင်
တရားဝင်ခရီးစဉ်(Official Visit)အဖြစ်ရောက်ရှိနေသည့် မြန်မာနိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်နှင့် ချစ်ကြည် ရေးကိုယ်စားလှယ်အဖွဲ့အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က ယနေ့ သြဂုတ် ၆ ရက်ညပိုင်းတွင် ထိုင်းနိုင်ငံအစိုးရအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့သည်။
ဂုဏ်ပြုညစာမသုံးဆောင်မှီနှင့် ဂုဏ်ပြုညစာသုံးဆောင်နေချိန်တို့တွင် ထိုင်းနိုင်ငံ ယဥ်ကျေးမှုအဖွဲ့များက သီဆိုဖျော်ဖြေမှုများပြုလုပ်ခဲ့ကြသည်။

