Thursday, August 6, 2026

တရုတ်က Smart Dragon-3 ဒုံးပျံကို...

ဟိုင်ယန် (ရှန်းတုန်း)၊ ဩဂုတ်လ ၅ ရက် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်းတုန်းပြည်နယ်ကမ်းလွန် ပင်လယ်ပြင်မှ Smart Dragon-3 သယ်ယူပို့ဆောင်ရေး ဒုံးပျံတစ်စင်းကို ဗုဒ္ဓဟူးနေ့၌...

ထိုင်းဘောလုံးသမားတစ်ဦးကွင်းထဲမိုးကြိုးပစ်၍ ‌ေ-သဆုံး၊ ၉ ဦးဒ-ဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အင်္ဂါနေ့က ဘောလုံးကွင်းထဲ မိုးကြိုးပစ်၍ ဘောလုံးသမားတစ်ဦး ‌ေ-သဆုံးခဲ့ပြီး ကိုးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒေသခံနှင့် ထိုင်း၊မလေးရှားလူမျိုးများ ပါဝင်သော အသင်းများပါဝင်ယှဉ်ပြိုင်သည့် ဒေသဆိုင်ရာ...

ရေဘေးသင့် လေးမျက်နှာမြို့တွင် လျှပ် စစ်အန္တရာယ်ကင်းရှင်းရေးနှင့်...

လေးမျက်နှာ၊ သြဂုတ်-၅ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးကြောင့် ရေဝင်ရောက်နေသည့် နေအိမ်များ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီတာဘောက်များ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအ တွက် မီတာဘောက် ၂၀၀ ကျော်ကို...

လေးမျက်နှာမြို့နယ်တွင် MPT မိုဘိုင်းဆက်သွယ်ရေး ဝန်ဆောင်မှုအချို့...

လေးမျက်နှာ၊သြဂုတ်-၅ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် နင်းကြမ်းကျေးရွာရှိ MPT မိုဘိုင်းစခန်း (Site ID – AWD00442) ကို ယနေ့ ဩဂုတ် ၅...
HomeMoviesဗီယက်နမ်စစ်ပွဲတွင်ကျဆုံးခဲ့သောမြောက်ကိုရီးယားစစ်သည်များအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ် တည်ဆောက်မည်

ဗီယက်နမ်စစ်ပွဲတွင်ကျဆုံးခဲ့သောမြောက်ကိုရီးယားစစ်သည်များအတွက် အောက်မေ့ဖွယ်အထိမ်းအမှတ် တည်ဆောက်မည်

          
ဗီယက်နမ်စစ်ပွဲအတွင်းကျဆုံးခဲ့သော မြောက်ကိုရီးယားစစ်သည်များအတွက် ရည်စူး၍ ဗီယက်နမ်က အောက်မေ့ဖွယ်အဆောက်အအုံတစ်ခု ကို တည်ဆောက်မည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြခဲ့ပြီး စစ်ပွဲကာလအတွင်း ပြုံယမ်း၏ စစ်ရေးအခန်းကဏ္ဍကို ရှားရှားပါးပါး လူသိရှင်ကြား အသိအမှတ်ပြုခြင်းဖြစ်သည်။
      
ဗီယက်နမ်နှင့် မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာများ၏ အဆိုအရ မြောက်ကိုရီးယားသည် ၁၉၆၀ ပြည့်လွန်နှစ်များတွင် မြောက်ဗီယက်နမ်သို့ တိုက်လေယာဉ်မှူးများ စေလွှတ်ခဲ့ပြီး ၎င်းတို့သည် အမေရိကန်လေယာဉ်များနှင့် တိုက်ခိုက်ရေးမစ်ရှင်တွင် ဆိုဗီယက်လုပ် MiG-17 များကို စီးနင်းတိုက်ပွဲဝင်ခဲ့သည်။
      
ဗီယက်နမ်နှင့် မြောက်ကိုရီးယားတို့သည် စစ်အေးတိုက်ပွဲကာလမှစကာ သံတမန်ဆက်ဆံရေးကို ထိန်းသိမ်းထားသော်လည်း ဗီယက်နမ်စစ်ပွဲတွင် ပြုံယမ်း၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုကို မသိကြ သလောက်ဖြစ်သည်။
        
အဆိုပါ အောက်မေ့ဖွယ်စီမံကိန်းနှင့် ပတ်သက်၍ တနင်္လာနေ့က ဟနွိုင်တွင် ဒုတိယကာကွယ်ရေးဝန်ကြီး ငုယင်ထရွန်သန် ဦးဆောင်သော အစည်းအဝေးတွင် ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားသံအမတ်ကြီး ရီဆွန်ဂွတ် တက်ရောက်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ Quan Doi Nhan Dan သတင်းစာက ဖော်ပြခဲ့သည်။
      
ဗီယက်နမ်ပါတီ၊ နိုင်ငံတော်၊ ပြည်သူနှင့် ပြည်သူ့တပ်မတော်တို့သည် မြောက်ကိုရီးယား၏ ထိရောက်သော အကူအညီနှင့် အတိတ်ကာလက နိုင်ငံတော်လွတ်လပ်ရေးကြိုးပမ်းမှုတွင် မြောက်ကိုရီးယားအာဇာနည်များ၏ စွန့်လွှတ်အနစ်နာခံမှုများကို အမြဲတန်ဖိုးထား အောက်မေ့သတိရပါသည် ဟု သန်က ပြောဆိုကြောင်း Quan Doi Nhan Dan က ဖော်ပြခဲ့သည်။
       
မြောက်ပိုင်း Bac Ninh ပြည်နယ်ရှိ မြောက်ကိုရီးယားအာဇာနည်များ၏ သုဿန်တွင် ပြန်လည်မွမ်းမံမှုလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် အောက်မေ့ဖွယ်အဆောက်အအုံကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြခဲ့သည်။
     
ထိုသုဿန်ကို ၁၉၆၇ ခုနှစ်နှင့် ၁၉၆၈ ခုနှစ်များတွင် ကျဆုံးခဲ့သော အသက် ၁၉ နှစ်မှ ၄၀ နှစ်ကြားအရွယ်ရှိ မြောက်ကိုရီးယားလေတပ်သား ၁၄ ဦးအတွက် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ ရုပ်ကြွင်းများကို ၂၀၀၂ ခုနှစ်တွင် မြောက်ကိုရီးယားသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

Ref: ရိုက်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်က Smart Dragon-3 ဒုံးပျံကို အောင်မြင်စွာ လွှတ်တင်

ဟိုင်ယန် (ရှန်းတုန်း)၊ ဩဂုတ်လ ၅ ရက် တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်းတုန်းပြည်နယ်ကမ်းလွန် ပင်လယ်ပြင်မှ Smart Dragon-3 သယ်ယူပို့ဆောင်ရေး ဒုံးပျံတစ်စင်းကို ဗုဒ္ဓဟူးနေ့၌ လွှတ်တင်ခဲ့ပြီး Oriental Smart Eye hyperspectral ဂြိုဟ်တု 01 နှင့် 02 တို့ကို လျာထားပတ်လမ်းကြောင်းများအတွင်းသို့ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့သည်။ အဆိုပါ ဒုံးပျံကို တရုတ်စံတော်ချိန် နံနက် ၁၀၃၈ နာရီတွင် ဟိုင်ယန်မြို့ အနီးရှိ ပင်လယ်ပြင်မှ လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး ထိုက်ယွမ် ဂြိုဟ်တုလွှတ်တင်ရေးဗဟိုဌာန က ယခု...

ထိုင်းဘောလုံးသမားတစ်ဦးကွင်းထဲမိုးကြိုးပစ်၍ ‌ေ-သဆုံး၊ ၉ ဦးဒ-ဏ်ရာရ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အင်္ဂါနေ့က ဘောလုံးကွင်းထဲ မိုးကြိုးပစ်၍ ဘောလုံးသမားတစ်ဦး ‌ေ-သဆုံးခဲ့ပြီး ကိုးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒေသခံနှင့် ထိုင်း၊မလေးရှားလူမျိုးများ ပါဝင်သော အသင်းများပါဝင်ယှဉ်ပြိုင်သည့် ဒေသဆိုင်ရာ Golok FA Cup 2026 ပြိုင်ပွဲတွင် ဆန်ထီပက်ဘောလုံးကွင်း၌ ကျင်းပခဲ့သောပွဲစဉ်၏ နာကျင်အချိန်ပိုအတွင်း အဆိုပါဖြစ်ရပ်ဖြစ်ပွားခဲ့သည်။ Samcolts နှင့် Abu x Nong Sirin အသင်းတို့၏ ပွဲစဉ်ကို မိုးရွာသွန်းနေချိန် ညနေ ၅ နာရီတွင်စတင်ခဲ့သည်။ အွန်လိုင်းတွင် တင်ခဲ့သော ဗီဒီယိုတစ်ခုအရ ကွင်းထဲရှိ နေရာတစ်ခုကို တောက်ပသောမီးရောင်တစ်ခု ထိမှန်ခဲ့ပြီးနောက်...

ရေဘေးသင့် လေးမျက်နှာမြို့တွင် လျှပ် စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီတာဘောက်များ မဆုံးရှုံးစေရေးအတွက် မီတာဘောက် ၂၀၀ ကျော် ဖြုတ်သိမ်းထား

လေးမျက်နှာ၊ သြဂုတ်-၅ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ရေဘေးကြောင့် ရေဝင်ရောက်နေသည့် နေအိမ်များ၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် မီတာဘောက်များ ပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးအ တွက် မီတာဘောက် ၂၀၀ ကျော်ကို ဖြုတ်သိမ်းထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကမှ သိရသည်။လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ မိုင်တိုင်အမှတ် ၂၅/၃ အနီးတွင် ငဝန်ရေ ကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ တူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျကာ ရေ ကျော်စီးဝင်မှု ဖြစ်ပွားခဲ့ပြီးနောက် မြို့ နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအ ချို့ ရေနစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းကြောင့် ဟင်္သာတခရိုင်နှင့် လေး မျက်နှာမြို့နယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071