Home News Local News လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် COW မိုဘိုင်းကား တပ်ဆင်

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် COW မိုဘိုင်းကား တပ်ဆင်

0
91

လေးမျက်နှာ၊ သြဂုတ်-၄

ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို တပ်ဆင်ထားကြောင်း သိရသည်။

B2B Satellite Terminal ၂ စုံအနက် တစ်စုံကို လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စုရှိ စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် တပ်ဆင်ထားပြီး ကျန်တစ်စုံကို သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာတွင် တပ်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို စာရေးကွင်းတွင် တပ်ဆင်ထားပြီး MPT အသုံးပြုသူများအနေဖြင့် စက်တပ်ဆင်ထားသည့်နေရာမှ တစ်မိုင်ခွဲပတ်လည်အတွင်း ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်ဒေတာဝန်ဆောင်မှုများကို ယနေ့ညနေပိုင်းမှ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့နယ်အတွင်းရှိ မိုဘိုင်းစခန်းအချို့ကို ယာယီပိတ်ထားရပြီး ရေကျဆင်းသည်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်ပြန်လည်ရရှိစေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – သိန်းဝင်းဦး

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here