Saturday, August 1, 2026

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဖော်ဆောင်၍ ၂၀၃၀...

နေပြည်တော်၊ ဩဂုတ် ၁ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်နှင့်အညီ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ကာ မြို့ပြ၊...

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ...

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ...

မြန်မာ့ဆေးဝါးလုပ်ငန်းက ဆေးဝါးအသစ် (၆) မျိုး...

ရန်ကုန်၊ ဩဂုတ် ၁ မြန်မာ့ဆေးဝါးလုပ်ငန်းက ပြည်တွင်းထုတ်လုပ်နိုင်ရေး ရည်ရွယ်၍ သုတေသနပြု စမ်းသပ်ဆောင်ရွက်ခဲ့သည့် ဆေးဝါးအမယ်သစ် (၆) မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း သိရသည်။ သုတေသနအောင်မြင်ခဲ့သည့်...
HomeNewsLocal Newsသမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် Yangon Galacticos...

သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် Yangon Galacticos (YG) အသင်း MSC 2026 ဗိုလ်လုပွဲသို့ တက်ရောက်

ပါရီ၊ ဩဂုတ် ၁

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသည့် Esports World Cup (EWC 2026) ၏ Mobile Legends: Bang Bang Mid Season Cup (MSC 2026) ပြိုင်ပွဲကြီးတွင် မြန်မာကိုယ်စားပြု Yangon Galacticos (YG) အသင်းသည် ဖိလစ်ပိုင်အသင်းကြီးဖြစ်သော Team Falcons PH ကို အကြိတ်အနယ် ယှဉ်ပြိုင်အနိုင်ယူကာ Grand Final (ဗိုလ်လုပွဲ) သို့ ပထမဆုံးအကြိမ် တက်ရောက်သွားပြီ ဖြစ်သည်။

ဇူလိုင် ၃၁ ရက်ညက ကျင်းပခဲ့သည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် YG အသင်းသည် အင်အားကြီး ဖိလစ်ပိုင်ကလပ်ကို ၅ ပွဲမြောက် (Game 5) အထိ အစွမ်းကုန်ယှဉ်ပြိုင်ခဲ့ရပြီး ၃ ပွဲ – ၂ ပွဲ (၃-၂) ရလဒ်ဖြင့် သမိုင်းဝင် အောင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤနိုင်ပွဲသည် ၂၀၁၉ ခုနှစ်နောက်ပိုင်း MSC ဗိုလ်လုပွဲများတွင် ဖိလစ်ပိုင်အသင်းများ အမြဲတမ်း ပါဝင်နေကျ စံချိန်ကို ပထမဆုံးအကြိမ် ရိုက်ချိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

YG အသင်းသည် ယခုပြိုင်ပွဲတစ်လျှောက် အုပ်စုအဆင့်မှစတင်ကာ ကွာတားဖိုင်နယ်အထိ တစ်ပွဲမှ မရှုံးဘဲ ရှုံးပွဲမရှိ စံချိန် (Unbeaten Run) ဖြင့် ဗိုလ်လုပွဲအထိ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။ အုပ်စုအဆင့်တွင် ဆော်ဒီအာရေဗျမှ Geekay Esports ကို ၂-၀၊ ကမ္ဘောဒီးယားမှ PRO Esports ကို ၂-၀ ဖြင့်လည်းကောင်း၊ ကွာတားဖိုင်နယ်တွင် PRO Esports အသင်းကို ၃-၀ ဖြင့်လည်းကောင်း ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည်။

MSC ပြိုင်ပွဲသမိုင်းတစ်လျှောက် မြန်မာအသင်းတစ်သင်းအနေဖြင့် ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည့် Yangon Galacticos အသင်းသည် ချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးနိုင်ရန်အတွက် ရုရှားအသင်းဖြစ်သော Team Spirit နှင့် ယနေ့ (ဩဂုတ် ၁ ရက်) မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အဆုံးအဖြတ် ဗိုလ်လုပွဲ (Best of 7) အဖြစ် ဆက်လက်ယှဉ်ပြိုင် သွားရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဖော်ဆောင်၍ ၂၀၃၀ ပြည့်နှစ်တွင် ပျမ်းမျှမျှော်မှန်းသက်တမ်း ၇၅ နှစ်မှ ၈၀ နှစ်အထိ မြှင့်တင်မည်

နေပြည်တော်၊ ဩဂုတ် ၁ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်နှင့်အညီ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ကာ မြို့ပြ၊ ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံသားများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းကို ၇၅ နှစ်မှ ၈၀ နှစ်အကြားအထိ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး ပညာရည်မြင့်မားရေးနှင့်အတူ...

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး သူ သွားရောက်မည်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။       အင်ဒိုနီးရှား ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံစဉ် ပရာဘိုဝိုက ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။       အင်ဒိုနီးရှားသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအားလုံးနှင့် တန်းတူညီမျှ ကောင်းမွန်သော ဆက်ဆံရေးထားရှိကြောင်း ပရာဘိုဝိုက ပြောကြားရင်း ဧပြီလအတွင်း ဆိုးလ်သို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့စဉ် သူ့ကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။     အင်ဒိုနီးရှားကို အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ လူငယ်နှစ်ဦးကို ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်ခန့်တွင် အမှတ် (၆) အစုန် မန္တလေး-ရန်ကုန် DEMU ရထားသည် ဧလာဘူတာနှင့် သာဝတ္ထိဘူတာအကြား မိုင်တိုင်အမှတ် ၂၁၂/၂၀ နှင့် ၂၁ အကြားသို့ အရောက် ရထားလမ်း အရှေ့ဘက်ခြမ်းမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071