Saturday, August 1, 2026

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဖော်ဆောင်၍ ၂၀၃၀...

နေပြည်တော်၊ ဩဂုတ် ၁ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်နှင့်အညီ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ကာ မြို့ပြ၊...

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ...

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ...

သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် Yangon Galacticos (YG)...

ပါရီ၊ ဩဂုတ် ၁ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပလျက်ရှိသည့် Esports World Cup (EWC 2026) ၏ Mobile Legends:...
HomeInternationalအီတလီတွင် ပြင်းအား ၄...

အီတလီတွင် ပြင်းအား ၄ ဒဿမ ၇ ရှိ ငလျင်လှုပ် ၊ထိခိုက်ပျ-က်စီးမှုများဖြစ်

သောကြာနေ့က အီတလီနိုင်ငံ နာပိုလီ (နေပယ်)မြို့အနီးရှိ ကမ်ပီဖလက်ရိုင်းဒေသတွင် သောကြာနေ့က ပြင်းအား ၄ ဒဿမ ၇ ပမာဏရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လျှပ်စစ်ဓာတ်အားပြ-တ်တေ-ာက်မှုများဖြစ်ခဲ့ကာ ရထားနှင့် မြေအောက်ရထားပြေးဆွဲမှုများ အနှောက်အယှက်ကြုံခဲ့ပြီး အဆောက်အအုံအချို့ ပျ-က်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ငလျင်သည် ည ရး၄၆ နာရီတွင် နာပိုလီ မြို့ အနောက်ဘက် ကမ်ပီဖလက်ရိုင်းဧရိယာကို ဗဟိုပြု၍ အနက် ၂ မိုင်ခန့်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အီတလီ၏ နိုင်ငံတော်ဘူမိရူပဗေဒနှင့် မီးတောင်ဗေဒဌာနက ပြောကြားခဲ့သည်။

နာပိုလီနှင့် အနီးတစ်ဝိုက်ရှိ အဆောက်အအုံများတွင် ပျ-က်စီးမှုအနည်းငယ်ဖြစ်ပေါ်ခဲ့သည့် သတင်းများရရှိကြောင်း အီတလီမီးသတ်ဌာနက ပြောကြားခဲ့သည်။ သို့ရာတွင် လတ်တလောတွင် မီးသတ် တပ်ဖွဲ့ ဝင်များအနေဖြင့် ဒေသခံများထံမှ အကူအညီတောင်းမှု သို့မဟုတ် ကယ်ဆယ်ရေးအတွက် တောင်းဆိုမှုများ မရသေးကြောင်း ဆိုခဲ့သည်။

ကြိုတင်ကာကွယ်သည့်အနေဖြင့် ဒေသတွင်း ရထားနှင့် မြေအောက်ရထား ပြေးဆွဲမှုများကို ရပ်ဆိုင်းထားကြောင်း ဒေသခံအရာရှိများက ပြော ကြားခဲ့သည်။

အဆိုပါငလျင်သည် ထိုဒေသတွင် လှုပ်ခတ်ဖူးသမျှ၌ အပြင်းထန်ဆုံးထဲမှ တစ်ခုဖြစ်ပြီး ငလျင်လှုပ်ချိန်တွင် ရပ်ကွက်အချို့ရှိ လူများ လမ်းပေါ်ထွက်ပြေးခဲ့ကြကြောင်း အီတလီမီဒီယာများက ဖော်ပြခဲ့သည်။

နာပိုလီ အနောက်ပိုင်း၏ ဒေသအများစု ပါဝင်သော လူဦးရေထူထပ်သည့် မီးတောင်ချောက်ကြီးတစ်ခုဖြစ်သော ကမ်ပီဖလက်ရိုင်းသည် မကြာသေးမီနှစ်များအတွင် ငလျင်လှုပ်ရှားမှုများ ပိုမိုများပြားလာခဲ့သောကြောင့် အစိုးရအနေဖြင့် ဂရုတစိုက် စောင့်ကြည့်ခဲ့ရသည်။

ထိုဒေသတွင် ငလျင်ငယ်များ မကြာခဏလှုပ်ခတ်လေ့ရှိသော်လည်း အင်အားပြင်းထန်သော ငလျင်များရှိလာသောကြောင့် ၁၉၈၀ ပြည့်လွန် အစောပိုင်းနှစ်များက ကမ်ပီဖလက်ရိုင်းတွင် ကြုံတွေ့ခဲ့သော ငလျင်ဘေးမျိုး ထပ်ဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်နေခဲ့သည်။

Ref: ရို-က်တာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ဖော်ဆောင်၍ ၂၀၃၀ ပြည့်နှစ်တွင် ပျမ်းမျှမျှော်မှန်းသက်တမ်း ၇၅ နှစ်မှ ၈၀ နှစ်အထိ မြှင့်တင်မည်

နေပြည်တော်၊ ဩဂုတ် ၁ “လူ့အသက်ထက် အရေးကြီးတာ ဘာမှမရှိ” ဟူသည့် ခံယူချက်နှင့်အညီ “ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည်” ဟူသော ရည်မှန်းချက်ကို အကောင်အထည်ဖော်ကာ မြို့ပြ၊ ကျေးလက်မကျန် ဆင်းရဲချမ်းသာမရွေး လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိစေရေးနှင့် ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံသားများ၏ ပျမ်းမျှမျှော်မှန်းသက်တမ်းကို ၇၅ နှစ်မှ ၈၀ နှစ်အကြားအထိ မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရရက်ပေါင်း ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းတွင် ပြောကြားသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရာတွင် နိုင်ငံသားအားလုံး ပညာရည်မြင့်မားရေးနှင့်အတူ...

အင်ဒိုနီးရှားသမ္မတ မြောက်ကိုရီးယားသွားမည်

တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က မြောက်ကိုရီးယားနိုင်ငံကိုသွားရောက်၍ ဆွေးနွေးပွဲ စတင်အထမြောက်စေရန် ဆောင်ရွက်ပေးနိုင်မည်လားဟု မိမိကို မေးခဲ့ကြောင်း အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး သူ သွားရောက်မည်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။       အင်ဒိုနီးရှား ကုန်သည်ကြီးများအသင်းနှင့် တွေ့ဆုံစဉ် ပရာဘိုဝိုက ထိုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။       အင်ဒိုနီးရှားသည် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံအားလုံးနှင့် တန်းတူညီမျှ ကောင်းမွန်သော ဆက်ဆံရေးထားရှိကြောင်း ပရာဘိုဝိုက ပြောကြားရင်း ဧပြီလအတွင်း ဆိုးလ်သို့ နောက်ဆုံးအကြိမ်သွားရောက်ခဲ့စဉ် သူ့ကို တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။     အင်ဒိုနီးရှားကို အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို...

မန္တလေး-ရန်ကုန် DEMU ရထားအား ခဲဖြင့်ပ-စ်ပေ-ါက်သူ လူငယ်နှစ်ဦးကို ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဩဂုတ် ၁ မန္တလေး-ရန်ကုန် ခရီးစဉ် ပြေးဆွဲပေးနေသည့် အမှတ် (၆) DEMU လူစီးအမြန်ရထားအား ဧလာနှင့် သာဝတ္ထိဘူတာအကြား၌ ခဲဖြင့် ပ-စ်ပေ-ါက်ခဲ့သူ လူငယ်နှစ်ဦးကို ဖမ်းဆီးရမိထားကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁၂ နာရီ ၅၆ မိနစ်ခန့်တွင် အမှတ် (၆) အစုန် မန္တလေး-ရန်ကုန် DEMU ရထားသည် ဧလာဘူတာနှင့် သာဝတ္ထိဘူတာအကြား မိုင်တိုင်အမှတ် ၂၁၂/၂၀ နှင့် ၂၁ အကြားသို့ အရောက် ရထားလမ်း အရှေ့ဘက်ခြမ်းမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071