Tuesday, July 28, 2026

အမျိုးသားပြတိုက်ကို သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းပေးမည့်...

အမျိုးသားပြတိုက်သည် နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဖော်ညွှန်းပြသနေသည့် အရေးပါသောနေရာတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်ရှိ သမိုင်းမှတ်တမ်းများကို ဆက်စပ်မှုရှိရှိ၊ ခိုင်မာပြည့်စုံစွာ ခင်းကျင်းပြသရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ပြတိုက်သို့...

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေးဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန်...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ၏အဖိုးတန်သမိုင်းမှတ်တမ်းများဖြစ်သည့် စာအုပ်၊ စာစောင်နှင့် သတင်းစာများ...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း...

နေပြည်တော်၊ ဇူလိုင် ၂၇ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ...

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃)...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times...
HomeMoviesမန္တလေး-ပြင်ဦးလွင် Mountain Bike...

မန္တလေး-ပြင်ဦးလွင် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲ ဩဂုတ် ၁၅ ရက် ကျင်းပမည်

မန္တလေး၊ ဇူလိုင် ၂၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်သည့် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ဩဂုတ် ၁၅ ရက် နံနက် ၅ နာရီခွဲတွင် ကျင်းပသွားမည်ဖြစ်ကြောင်း တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)ထံမှ သိရသည်။

အဆိုပါပြိုင်ပွဲ၏ စတင်ထွက်ခွာမည့်နေရာမှာ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)အရှေ့ဘက်ဖြစ်ပြီး၊ ပန်းဝင်မည့်နေရာမှာ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) ဖြစ်သည်။

ပြိုင်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် အမျိုးသား၊ အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး မိမိတို့၏ ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် Mountain Bike စီးနင်းကျွမ်းကျင်မှုများကို ထုတ်ဖော်ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်သဖြင့် စိတ်ပါဝင်စားသူများကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

ထို့ပြင် ပြိုင်ပွဲဝင်များအနေဖြင့် ယှဉ်ပြိုင်စဉ်အတွင်း စက်ဘီးစီးဦးထုပ် (Helmet) ကို မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲနှင့်ပတ်သက်သည့် အသေးစိတ်မှတ်ပုံတင်ခြင်း၊ လမ်းကြောင်းဆိုင်ရာ အချက်အလက်များနှင့် ဆုချီးမြှင့်မည့်အစီအစဉ်များကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး အဆင့်အလိုက် အထူးဆုများကိုလည်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အမျိုးသားပြတိုက်ကို သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ လက်ဆင့်ကမ်းထိန်းသိမ်းပေးမည့် အသိပညာဗဟိုဌာနဖြစ်စေရေး နိုင်ငံတော်သမ္မတ လမ်းညွှန်

အမျိုးသားပြတိုက်သည် နိုင်ငံ၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုတန်ဖိုးများကို ဖော်ညွှန်းပြသနေသည့် အရေးပါသောနေရာတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက်ရှိ သမိုင်းမှတ်တမ်းများကို ဆက်စပ်မှုရှိရှိ၊ ခိုင်မာပြည့်စုံစွာ ခင်းကျင်းပြသရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ ပြတိုက်သို့ လာရောက်လေ့လာသူများအနေဖြင့် နိုင်ငံ၏ခိုင်မာသည့် သမိုင်းကြောင်းနှင့် အစဉ်အလာကြီးမားသော ယဉ်ကျေးမှုတန်ဖိုးများကို သိရှိနားလည်ကာ တန်ဖိုးထားထိန်းသိမ်းလိုစိတ်များ ဖြစ်ပေါ်လာစေရန် ခင်းကျင်းပြသမှုများကို စနစ်တကျဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။ ပြည်ပခရီးသွားဧည့်သည်များနှင့် မြန်မာနိုင်ငံတွင် လာရောက်တာဝန်ထမ်းဆောင်နေသည့် နိုင်ငံခြားသားများအနေဖြင့်လည်း ပြတိုက်ရှိ သမိုင်းအထောက်အထားများကို လေ့လာခြင်းမှတစ်ဆင့် မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုအပေါ် အထင်ကြီးလေးစားမှုများ ဖြစ်ပေါ်လာစေနိုင်ကြောင်း ပြောကြားသည်။ လူငယ်လူရွယ်များ ပြတိုက်သို့ လာရောက်လေ့လာခြင်းဖြင့် သမိုင်း၏တန်ဖိုးကို...

အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေးဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ၏အဖိုးတန်သမိုင်းမှတ်တမ်းများဖြစ်သည့် စာအုပ်၊ စာစောင်နှင့် သတင်းစာများ မပျောက်ပျက်စေရေး စနစ်တကျထိန်းသိမ်း၍ နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ ရောက်ရှိရာ စာကြည့်တိုက်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စာကြည့်တိုက်ညီလာခံခန်းမ၌ တာဝန်ရှိသူတစ်ဦးက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ သမိုင်းအကျဉ်း၊ ဒစ်ဂျစ်တယ်စာကြည့်တိုက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စာဖတ်ခန်းနှင့်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်း ဖွင့်လှစ်အာကာသနည်းပညာကို သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ထိရောက်စွာအသုံးချရန် တိုက်တွန်း

နေပြည်တော်၊ ဇူလိုင် ၂၇ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ကာလအတွင်း မြန်မာအာကာသအေဂျင်စီ (Myanmar Space Agency–MSA) က ဆောင်ရွက်ပြီးစီးခဲ့သည့် နည်းပညာလုပ်ငန်းများ အပ်နှံခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာအာကာသအေဂျင်စီ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ MAH-1 ဂြိုဟ်တုမြေပြင်ထိန်းချုပ်ရေးစခန်းကို ဖွင့်လှစ်ပေးပြီး သုံးသပ်လမ်းညွှန်အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ အာကာသသိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် မြန်မာအာကာသအေဂျင်စီမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မြန်မာအာကာသအေဂျင်စီ အမှုဆောင်အရာရှိချုပ်က...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071