Monday, July 27, 2026

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃)...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times...

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့...

ပုသိမ်၊ဇူလိုင်-၂၇ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့...

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ...

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ...

ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ကုက္ကိုပင်လဲကျ၍ ကားပေါ်ပိမိ၊...

ရန်ကုန်၊ဇူလိုင်-၂၇ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ဆရာစံလမ်းတွင် ယနေ့ ဇူလိုင် ၂၇ ရက် နံနက် ၁၀ နာရီ ၃၇ မိနစ်ခန့်က ကုက္ကိုပင်တစ်ပင်...
HomeNewsLocal Newsအားကောင်းသော မုန်တိုင်းငယ် အိန္ဒိယကမ်းခြေဘက်သို့...

အားကောင်းသော မုန်တိုင်းငယ် အိန္ဒိယကမ်းခြေဘက်သို့ ဦးတည်၊

မြန်မာနိုင်ငံကို တို-က်ရို-က် သက်ရောက်နိုင်ခြေ မရှိသေးဟု မိုးဇလထုတ်ပြန်

နေပြည်တော်၊ ဇူလိုင် ၂၇

ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၌ ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာပြီး အားကောင်းသော မုန်တိုင်းငယ် (Deep Depression) အဖြစ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင် ၂၇ ရက်)မွန်းတည့် ၁၂ နာရီတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်အကွာတွင် ဗဟိုပြုနေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိသေးသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထားသည်။

နောက် ၁၂ နာရီအတွင်း မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿပြည်နယ်မြောက်ပိုင်း ကမ်းခြေတို့ကို ဖြတ်ကျော်နိုင်ကြောင်း ခန့်မှန်းထားသည်။

မုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းအမြင့် ၉ ပေမှ ၁၁ ပေအထိ မြင့်တက်နိုင်သည်၊၊

ထို့ပြင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်၊ ချောင်းအနီး နေထိုင်သူများ၊ ပြည်တွင်းလေကြောင်းလိုင်းများနှင့် ငါးဖမ်းရေယာဉ်များအနေဖြင့် ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးနှိုးဆော်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီရန်စစ်ပွဲ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာ (၃) ခုကို ထရမ့်စဉ်းစားနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်နဲ့ဖြစ်နေတဲ့ စစ်ပွဲအခြေအနေ ရှေ့ဆက်မယ့်ကိစ္စအတွက် ရွေးချယ်စရာလမ်းကြောင်း (၃) ခုကို စဉ်းစားနေတယ်လို့ The New York Times သတင်းစာက ဖော်ပြထားပါတယ်။ ​သတင်းစာမှာ ဖော်ပြချက်အရ အဲဒီ (၃) ခုကတော့ စစ်ရေးအရ ထပ်ပြီး အရှိန်မြှင့်ဖို့၊ ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ပြီး အီရန်ကို စီးပွားရေးအရ ဖိနှိပ်ဖို့နဲ့ အမေရိကန်က စစ်ပွဲမှာ အနိုင်ရပြီလို့ ကြေညာပြီး ပဋိပက္ခကနေ ဆုတ်ခွာဖို့ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းက ဒုသမ္မတ ဂျေဒီဗန့်စ်၊ ကာကွယ်ရေးဝန်ကြီး...

ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဝန်ကြီးချုပ်တိုက်တွန်း

ပုသိမ်၊ဇူလိုင်-၂၇ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီအလုံအလောက် ထုတ်လုပ်နိုင်ရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရန် ဇူလိုင် ၂၆ ရက်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည့် “ဧရာဝတီစားဆီဖူလုံဖို့ ဝိုင်းဝန်း ကြိုးပမ်းကြပါစို့”ခေါင်းစဉ်ဖြင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်က တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်း စားသုံးဆီဖူလုံရေး၊ ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုး လာစေရန်နှင့် စားဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းများ ရှာဖွေဖော်ထုတ်ကာ တန်ဖိုးကွင်းဆက်တစ်လျောက် အားပေးမြှင့်တင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးကို ဖူလုံပိုလျှံစွာ စိုက်ပျိုးထုတ်လုပ် နိုင်သော်လည်း စားဆီဖူလုံမှုမရှိသေးသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်း...

ဝဇီရာရုပ်ရှင်ရုံကြီးသည် အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာ‌တော့မည်ဟု နိုင်ငံ‌တော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား

"ဝဇီရာကဇာတ်ရုံဟာ ဖျော်ဖြေမှု အဆောက်အအုံသက်သက်မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေကို ကိုယ်စားပြုတဲ့ သမိုင်းမှတ်တန်းဝင်ကဇာတ်ရုံကြီးဖြစ်ကြောင်း သက်သေ‌ပြနေပါတယ်။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ အနုပညာရှုထောင့်ကကြည့်ရင် မြန်မာ့ယဉ်ကျေးမှုကဏ္ဍမှာ ထူးခြားလှတဲ့ ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်နဲ့ ဒြပ်မဲ့ယဉ်‌ကျေးမှု အမွေအနှစ်ပေါင်းစပ်ရာ နှလုံးအိမ်ကြီးဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီလိုတန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ကြီးကို မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းနိုင်ဖို့ အထူးအလေးထားဆောင်ရွက်ခဲ့ပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ပြီး ဂုဏ်သိက္ခာရှိတဲ့ အမျိုးသားအဆင့်ဂုဏ်ဒြပ်ကို ဖော်ဆောင်နိုင်တဲ့ ဝဇီရာရုပ်ရှင်ရုံကြီးဟာနိုင်ငံတကာအဆင့်မီခမ်းနားထည်ဝါစွာ တင်ဆက်ကြည့်ရှုနိုင်မယ့် တစ်ခုတည်းသော အမျိုးသားအဆင့်ကဇာတ်ရုံကြီး ဖြစ်လာတော့မှာပါ။ ဝဇီရာရုပ်ရှင်ရုံကြီးဟာ ယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းရုံသာမက ရှေးဟောင်းအမွေအနှစ် ခရီးသွားလုပ်ငန်း (Heritage Tourism) နဲ့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071