နေပြည်တော်၊ ဇူလိုင် ၂၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများကို အကျိုးတူပူးပေါင်းဆောင်ရွက် (Joint Operation) စနစ်ဖြင့် လုပ်ကိုင်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) များကို ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါ ဓာတ်ခွဲခန်းများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ပဲခူးလမ်းမကြီးဘေးတွင် တည်ရှိပြီး ပို့ကုန် လယ်ယာထွက်ကုန်များနှင့် စားသုံးဆီများ၏ အရည်အသွေးကို စမ်းသပ်စစ်ဆေးပေးလျက်ရှိသည်။
ဌာနအနေဖြင့် ဓာတ်ခွဲခန်းများ၏နိုင်ငံတကာအသိအမှတ်ပြု ISO/IEC 17025 လက်မှတ်ရရှိရေး၊ 17025 လက်မှတ်ရရှိရေး၊ ပို့ကုန်၊ သွင်းကုန်များ၏ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပိုမိုထိရောက်စေရေးနှင့် စီးပွားဖြစ်တွက်ခြေကိုက်မှု မြှင့်တင်နိုင်ရေးတို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခြင်းဖြစ်သည်။
စိတ်ဝင်စားသည့် ကုမ္ပဏီများအနေဖြင့် EOI ပုံစံကို www.doca.gov.mm တွင် ရယူ၍ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်၊ ဘဏ္ဍာရေးအထောက်အထား စသည့် လိုအပ်သည်များကို ပူးတွဲကာ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၁ ရက် ရုံးချိန်မတိုင်မီ နေပြည်တော်ရှိ စားသုံးသူရေးရာဦးစီးဌာန (ရုံးအမှတ် ၅၂) သို့ဖြစ်စေ၊ အီးမေးလ် [email protected] သို့ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
ဓာတ်ပုံ-စီးပွား/ကူသန်း
