Saturday, July 25, 2026

ဖလမ်းမြို့ နေရပ်ပြန် ဒေသခံပြည်သူများအား နိုင်ငံတော်မှ...

ဖလမ်း၊ ဇူလိုင် ၂၅ချင်းပြည်နယ်၊ ဖလမ်းမြို့ ရပ်ကွက်များသို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင်...

ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယာဥ်တို-က်မှုဖြစ် ယာဥ်မောင်း‌ေ-သဆုံး

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ယနေ့ ဇူလိုင် ၂၅ ရက်ညနေ ၅ နာရီခွဲခန့်က ပြင်းထန်သည့်ယာဥ်တို-က်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပျော်ဘွယ်မြို့နယ်၊ ဝါးရင်းတုတ်ကျေးရွာအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင်...

ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးချိန်တွင် မြန်မာအသင်း...

ရန်ကုန်၊ ဇူလိုင် ၂၅​AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့ ဇူလိုင် ၂၅ ရက်...

ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍...

နေပြည်တော်၊ ဇူလိုင် ၂၅ ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက်...
HomeNewsLocal Newsလှော်ကား ရေတွန်းစက်ရုံ နှစ်နာရီခန့်...

လှော်ကား ရေတွန်းစက်ရုံ နှစ်နာရီခန့် ပြုပြင်မည်ဖြစ်၍ ရန်ကုန်တိုင်းရှိ မြိုနယ် ၁၆ မြို့နယ်တွင် ရေခေတ္တပြတ်တောက်မည်

ရန်ကုန်၊ ဇူလိုင်-၂၅

လှော်ကားရေလှောင်ကန်ရှိ ရေတွန်းစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် ဇူလိုင် (၂၇) ရက် (တနင်္လာနေ့) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ် (၁၆) မြို့နယ်၌ ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အသိပေး ထုတ်ပြန်ထားသည်။​

လှော်ကားရေတွန်းစက်ရုံရှိ 33/6 kV, 4 MVA Transformer သည် OLCT Control ပိုင်း ချို့ယွင်းမှု ဖြစ်ပေါ်နေသဖြင့် ဇူလိုင် (၂၇) ရက် နေ့လယ် (၁:၀၀) နာရီမှ (၃:၀၀) နာရီအထိ ရေတွန်းစက်ကြီးများကို ခေတ္တရပ်နားကာ ပြုပြင် ထိန်းသိမ်းသွားမည် ဖြစ်သည်။​

ထိုသို့ ပြုပြင်စဉ်ကာလအတွင်း လှော်ကားရေလှောင်ကန်မှ ရေဖြန့်ဖြူးပေးဝေလျက်ရှိသည့် မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ (စက်မှုဇုန်)၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင် စသည့် မြို့နယ်များ၌ ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်မည်ဖြစ်သည်။​

သို့ဖြစ်ပါ၍ အဆိုပါ မြို့နယ်များတွင် နေထိုင်ကြသော ရေသုံးစွဲသူ ပြည်သူများအနေဖြင့် ရေများ ကြိုတင် စုဆောင်းထားကြရန်နှင့် ရေသုံးစွဲရန် အခက်အခဲ ဖြစ်ပေါ်ပါက သက်ဆိုင်ရာ ခရိုင်အလိုက် ဆက်သွယ်နိုင်သည့် ဖုန်းနံပါတ်များသို့ ဆက်သွယ် အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းမြို့ နေရပ်ပြန် ဒေသခံပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့မှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး

ဖလမ်း၊ ဇူလိုင် ၂၅ချင်းပြည်နယ်၊ ဖလမ်းမြို့ ရပ်ကွက်များသို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ဒေသခံပြည်သူများ၏ နေအိမ်များသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင် ၂၄ ရက်တွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုစဉ် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အခြေခံဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများ ဒေသခံများထံ အပြည့်အဝ ရရှိရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ထို့ပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များကို ဒေသခံပြည်သူများက မိသားစုအလိုက် ဝိုင်းဝန်း ပြန်လည်ပြုပြင်နေမှုများကိုလည်း...

ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ယာဥ်တို-က်မှုဖြစ် ယာဥ်မောင်း‌ေ-သဆုံး

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်ရှိ ရန်ကုန်-မန္တလေးသွားကားလမ်းဟောင်းတွင် ယနေ့ ဇူလိုင် ၂၅ ရက်ညနေ ၅ နာရီခွဲခန့်က ပြင်းထန်သည့်ယာဥ်တို-က်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပျော်ဘွယ်မြို့နယ်၊ ဝါးရင်းတုတ်ကျေးရွာအနီးရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ပြင်းထန်သည့်ယာဉ်တို-က်မိမှုတစ်ခုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်ကြောင့် ကားမောင်းသူ‌ေ-သဆုံးသွားခဲ့၍ ယင်းတော်ရွာမပရဟိတကြယ်ပွင့်လေးများအသင်းက ပျော်ဘွယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးချိန်တွင် မြန်မာအသင်း ၂-၁ ဂိုးဖြင့် ရှုံးနိမ့်

ရန်ကုန်၊ ဇူလိုင် ၂၅​AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနှင့် မလေးရှားတို့၏ ပွဲစဉ်တွင် မြန်မာအသင်းက ပထမပိုင်း၌ ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ၂-၁ ဂိုးရလဒ်ဖြင့် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သည်။ ​အဆိုပါပွဲစဉ် ပထမပိုင်း စတင်ပြီး ၁၀ မိနစ်တွင် မြန်မာအသင်းအတွက် ကွင်းလယ်လူ မြတ်ကောင်းခန့်က ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့သဖြင့် မြန်မာအသင်း ပွဲကို အသာစီးရရှိခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071