Saturday, July 25, 2026

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) ရဲ့...

ယနေ့ ဂျူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs...

သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ...

သီပေါ၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့်...

မူဆယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၅၅...

မူဆယ်၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား...

AWPT ၊ MIP ၊...

ပြည်ပမှ ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရမီ ဆိပ်ကမ်းနှင့် လေဆိပ်သို့ တင်သွင်းလာသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများအား အရေးယူနိုင်ရေး စီမံခန့်ခွဲရေးအဖွဲ့၊ လေလံတင်ထုခွဲရောင်းချရေး လုပ်ငန်းအဖွဲ့မှ AWPT၊...
HomeNewsLocal Newsစီးပွားရေးအဖွဲ့အစည်းတစ်ခုထက်ပိုသော MYANWEN ရဲ့...

စီးပွားရေးအဖွဲ့အစည်းတစ်ခုထက်ပိုသော MYANWEN ရဲ့ ၅ နှစ်တာကာလအတွင်း အောင်မြင်ခဲ့သည့် မှတ်တိုင်များ

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းအားမြှင့်တင်ခြင်း၊ MSME ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ခြင်းနှင့် တည်တံ့ခိုင်မြဲသော စီးပွားရေးဂေဟစနစ်ဝန်းကျင် တည်ဆောက်နိုင်ရေးတို့အတွက် မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs Network – MYANWEN) ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။

MYANWEN သည် ယခုအချိန်တွင် တိုင်းဒေသကြီး/ ပြည်နယ် (၅) ခု၌ အခြေစိုက်နိုင်ခဲ့ပြီး အသင်းဝင်ပေါင်း ၇၀၀ ကျော်ဖြင့် အရှိန်အဟုန်တိုးတက်လျက်ရှိကာ အသေးစား၊ အလတ်စားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းရှင်ပေါင်းများစွာကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ဒါ့အပြင် MYANWEN သည် ဖြတ်သန်းခဲ့သည့် (၅) နှစ်တာကာလအတွင်း အမျိုးသမီးလုပ်ငန်းရှင်များနှင့် MSME (၃၀၀) ကျော်အား Entrepreneurship Development၊ Business Networking၊ Mentoring နှင့် Business Matching Program များဖြင့် ပံ့ပိုးပေးခဲ့ခြင်း၊ သင်တန်း၊ Workshop နှင့် Knowledge Sharing Programme ပေါင်း (၅၀) ကျော်ကို ကျင်းပနိုင်ခဲ့ပြီး၊ AI၊ Digital Literacy၊ Financial Literacy၊ Capacity Building၊ Personal & Entrepreneurship Development နှင့် Start-up ဆိုင်ရာ အစီအစဉ်များကို အောင်မြင်စွာ အကောင်အထည်ဖော်‌ဆောင်ရွက်နိုင်ခဲ့သည်။

ဒါ့အပြင် ပြည်တွင်း၊ ပြည်ပ မိတ်ဖက်အဖွဲ့အစည်းများနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု (၃၆) ခု ကို တည်ဆောက်နိုင်ခဲ့ကာ အမျိုးသမီးလုပ်ငန်းရှင်များနှင့် MSME များအတွက် အသိပညာ၊ အရင်းအမြစ်နှင့် စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးခြင်းဖြင့် ကမ္ဘာ့ဈေးကွက်အထိ ရပ်တည်နိုင်ခဲ့ကာ နိုင်ငံတကာတွင်လည်း အမျိုးသမီးလုပ်ငန်းရှင်များသည် ဆုများအသီးသီးရယူနိုင်ခဲ့သည်။

ခေတ်နဲ့အညီပြောင်းလဲတိုးတက်လာမှုအပေါ် အသင်းဝင်များ၏ Digital Literacy၊ Digital Tools အသုံးပြုနိုင်‌ရေးနှင့် Financial Inclusion တိုးတက်ရေးအတွက် MYANWEN Website 2.0၊ Learning Management System (LMS) နှင့် E-commerce Platform များကို ဖော်ဆောင်နိုင်ခဲ့သည့်အပြင် AI၊ Cybersecurity နှင့် Scam Awareness ဆိုင်ရာ အသိပညာပေး အစီအစဉ်များကိုလည်း လုပ်ဆောင်နိုင်ခဲ့သည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးတို့အတွက် Green Earth Committee ဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

Myanmar Women Entrepreneurs Network (MYANWEN) သည် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ MSME ဖွံ့ဖြိုးတိုးတက်ရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ကွန်ရက်ချိတ်ဆက်မှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို အားပေးမြှင့်တင်ကာ မြန်မာနိုင်ငံ၏ ပိုမိုပါဝင်နိုင်သော၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသောနှင့် တည်တံ့ခိုင်မြဲသော စီးပွားရေးဂေဟစနစ်ဝန်းကျင် တည်ဆောက်ရေးတို့ကို အထောက်အကူပြုရန် ရည်ရွယ်သည့် အမျိုးသားအဆင့် စီးပွားရေးအဖွဲ့အစည်းတစ်ခု ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) ရဲ့ (၅) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

ယနေ့ ဂျူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs Network - MYANWEN) ၏ (၅) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပခဲ့သည်။ အခမ်းအနားသို့ အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၏ဇနီး၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန်များ၊ နိုင်ငံတကာ ကုန်သွယ်စက်မှုအသင်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ...

သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင်သတ်မှတ်

သီပေါ၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် တရားဝင် သတ်မှတ်ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်မြောက်ပိုင်း၏ တစ်ခုတည်းသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် အဆိုပါ ဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်လက်ထက်၌ ကျမိုင်း စပ်အုံကြာက အနောက်တိုင်း ဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ စော်ဘွားကြီး စဝ်ကြာဆိုင်မိသားစု နေထိုင်ခဲ့ဖူးကာ နောက်ပိုင်းတွင်...

မူဆယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၅၅ ဦးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မူဆယ်၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦး စုစုပေါင်း ၅၅ ဦးကို ဇူလိုင် ၂၄ ရက်က စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်သည် ဇူလိုင် ၂၄ ရက်က လုံခြုံရေးပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၂)လမ်းရှိ နေအိမ်နှစ်လုံးကို ဝင်ရောက်စစ်ဆေးရာမှ စုစုပေါင်း ၄၄ ဦးကို All In One ကွန်ပျူတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071