Saturday, July 25, 2026

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) ရဲ့...

ယနေ့ ဂျူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs...

သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ...

သီပေါ၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့်...

မူဆယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၅၅...

မူဆယ်၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား...

AWPT ၊ MIP ၊...

ပြည်ပမှ ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရမီ ဆိပ်ကမ်းနှင့် လေဆိပ်သို့ တင်သွင်းလာသည့် လူပုဂ္ဂိုလ်များနှင့် ကုမ္ပဏီများအား အရေးယူနိုင်ရေး စီမံခန့်ခွဲရေးအဖွဲ့၊ လေလံတင်ထုခွဲရောင်းချရေး လုပ်ငန်းအဖွဲ့မှ AWPT၊...
HomeNewsLocal Newsစင်ကာပူက AI နှင့်...

စင်ကာပူက AI နှင့် STEM ပညာရေးအာဆီယံ အစီအစဉ်များ ဦးဆောင်မည်

၂၀၂၆ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ အာဆီယံ ပညာရေးကဏ္ဍ၏ သဘာပတိအဖြစ် တာဝန်ယူမည့် စင်ကာပူနိုင်ငံသည် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် “အာဆီယံ ပညာရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း ၂၀၂၆-၂၀၃၀” အရ ပညာရေးကဏ္ဍတွင် ဉာဏ်ရည်တု (AI) သုံးစွဲမှု၊ STEM (သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာ) ပညာရေးနှင့် ကျောင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုတို့ကို အဓိကထားသည့် ဒေသတွင်း အစီအစဉ်များကို ဦးဆောင်ကျင်းပသွားမည် ဖြစ်သည်။

စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံ ပညာရေးဝန်ကြီးများ အစည်းအဝေးတွင် ပညာရေးဝန်ကြီးများက အဆိုပါ လုပ်ငန်းစီမံချက်ကို စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ကျွမ်းကျင်မှုမြင့်မားပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသော လုပ်သားထုနှင့်အတူ ဘက်စုံထက်မြက်၍ ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးရန်ဖြစ်ကြောင်း စင်ကာပူ ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ စီမံကိန်း သည် အာဆီယံ၏ ဘုံတန်ဖိုးများကို ကိုယ်စားပြုသော အာဆီယံ စရိုက်လက္ခဏာ ကို ပိုမိုအားကောင်းခိုင်မာလာစေရန်လည်း ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

ကျင်းပရန် စီစဉ်ထားသည့် အစီအစဉ်များတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အာဆီယံ ဆွေးနွေးဖက်နိုင်ငံများ ပါဝင်မည့် ပညာရေးကဏ္ဍဆိုင်ရာ AI ဆွေးနွေးပွဲ၊ STEM လူငယ်စခန်း၊ တက္ကသိုလ်ကျောင်းသားများအတွက် နွေရာသီ သင်တန်းအစီအစဉ်နှင့် ပြင်ပလူငယ်စခန်းတို့ ပါဝင်သည်။

စင်ကာပူနိုင်ငံ၏ စရို-က်လက္ခဏာနှင့် နိုင်ငံသားဆိုင်ရာ ပညာရေးဗဟိုဌာန သည် လာမည့် နိုဝင်ဘာလတွင် ဒေသတွင်း သုတေသန ကွန်ရက်တစ်ခုကို ဦးဆောင်သွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် မိမိတို့၏ နိုင်ငံ့ သင်ရိုးညွှန်းတမ်းများတွင် စာရိတ္တနှင့် အမွေအနှစ်တန်ဖိုးထားမှုဆိုင်ရာ ပညာရေးကို မည်သို့ ဒီဇိုင်းရေးဆွဲ အကောင်အထည်ဖော်ထားသည်ဆိုသည့် အလေ့အထများကို အပြန်အလှန် ဖလှယ်နိုင်ကြမည် ဖြစ်သည်။

Ref: ဆင်ဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) ရဲ့ (၅) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

ယနေ့ ဂျူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs Network - MYANWEN) ၏ (၅) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပခဲ့သည်။ အခမ်းအနားသို့ အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၏ဇနီး၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန်များ၊ နိုင်ငံတကာ ကုန်သွယ်စက်မှုအသင်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ...

သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင်သတ်မှတ်

သီပေါ၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် တရားဝင် သတ်မှတ်ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်မြောက်ပိုင်း၏ တစ်ခုတည်းသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် အဆိုပါ ဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်လက်ထက်၌ ကျမိုင်း စပ်အုံကြာက အနောက်တိုင်း ဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ စော်ဘွားကြီး စဝ်ကြာဆိုင်မိသားစု နေထိုင်ခဲ့ဖူးကာ နောက်ပိုင်းတွင်...

မူဆယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၅၅ ဦးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

မူဆယ်၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား ၃၈ ဦး စုစုပေါင်း ၅၅ ဦးကို ဇူလိုင် ၂၄ ရက်က စက်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်သည် ဇူလိုင် ၂၄ ရက်က လုံခြုံရေးပူးပေါင်းအဖွဲ့သည် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ စွမ်စော်(၂)လမ်းရှိ နေအိမ်နှစ်လုံးကို ဝင်ရောက်စစ်ဆေးရာမှ စုစုပေါင်း ၄၄ ဦးကို All In One ကွန်ပျူတာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071