Friday, July 24, 2026

Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ...

ရန်ကုန်၊ဇူလိုင်-၂၄ ၂၀၂၆ ခုနှစ် Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် မလေးရှား အမျိုးသားဘောလုံးအသင်းတို့၏...

ကျွန်းလှမြို့နယ်တွင် မိုးစပါးအထွက်နှုန်းမြှင့်တင်ရေး စံပြကွက်စိုက်ပျိုးမှု ကွင်းသရုပ်ပြပြုလုပ်

ကျွန်းလှ၊ ဇူလိုင် ၂၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် တပ်ကုန်းကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၂၄ ရက်...

သြဂုတ် ၁၀ ရက်နံနက် ၁၀...

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊...

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည်...
HomeNewsLocal News(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌...

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး ဘောလုံးအသင်း အဖွင့်ပွဲအဖြစ် တောင်ကိုရီးယားနှင့် ယှဉ်ပြိုင်ရမည်​ရန်ကုန်၊ ဇူလိုင် ၂၄​ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်ဇယား ထွက်ပေါ်လာခဲ့ရာ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ် တောင်ကိုရီးယားအသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်၌ Osaka မြို့ရှိ Nagai Stadium တွင် တောင်ကိုရီးယားအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယင်းနောက် ဒုတိယအုပ်စုပွဲစဉ်အဖြစ် စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် Nagai Stadium ၌ပင် ဆက်လက်ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။

ယခုနှစ် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်းကို အုပ်စု ၃ စုခွဲ၍ ယှဉ်ပြိုင်စေမည်ဖြစ်ရာ အုပ်စုတစ်စုစီမှ ထိပ်ဆုံးအဆင့် (၁) နှင့် (၂) ရရှိသည့် အသင်းများအပြင် တတိယနေရာရ အသင်းများအနက် အမှတ်အသာလွန်ဆုံး ၂ သင်း၊ စုစုပေါင်း ၈ သင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။

ထို့ပြင် ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် အချိန်ဇယားများကို အိုင်ချီ-နာဂိုယာ အာရှဂိမ်းကျင်းပရေးကော်မတီ (AINAGOC) က ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာနှင့် မလေးရှားပွဲစဉ် မနက်ဖန်(ဇူလိုင် ၂၅ ရက်) ယှဉ်ပြိုင်ကစားမည်

ရန်ကုန်၊ဇူလိုင်-၂၄ ၂၀၂၆ ခုနှစ် Hyundai ASEAN Championship အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် မလေးရှား အမျိုးသားဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို လာမည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ အဆိုပါ အုပ်စုအဆင့် ပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ဇူလိုင်လ ၂၅ ရက် ညနေ ၄ နာရီခွဲတွင် စတင်ယှဉ်ပြိုင် ကစားကြမည် ဖြစ်ကြောင်း သိရသည်။ ဘောလုံးဝါသနာရှင် ပြည်သူများ ကြည့်ရှုနိုင်ရေးအတွက် ပွဲစဉ်ကျင်းပမည့် ဇူလိုင်လ...

ကျွန်းလှမြို့နယ်တွင် မိုးစပါးအထွက်နှုန်းမြှင့်တင်ရေး စံပြကွက်စိုက်ပျိုးမှု ကွင်းသရုပ်ပြပြုလုပ်

ကျွန်းလှ၊ ဇူလိုင် ၂၄ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် တပ်ကုန်းကျေးရွာ၌ မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် စံပြကွက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ကွင်းသရုပ်ပြကို တပ်ကုန်းကျေးရွာ ကွင်းအမှတ် (၄၉၅) ရှိ တောင်သူ ဦးမင်းနိုင်၏ (၃) ဧက လယ်မြေတွင် ပြုလုပ်ခဲ့ပြီး ဒေသတွင်း စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ကြိုးတန်း (၁၀) တန်း တစ်တန်းလှပ်စိုက်နည်းကို အသုံးပြုပါက...

သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတင်ကျင်းပမည်

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပမည့်ရက်ကို အသိပေးကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071