Friday, July 24, 2026

သြဂုတ် ၁၀ ရက်နံနက် ၁၀...

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊...

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည်...

DEMU ရထားပေါ်တွင် စည်းကမ်းဖေ-ာက်ဖျ-က်ခဲ့သည့် ခရီးသည်...

နေပြည်တော်၊ ဇူလိုင်-၂၄ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူခဲ့သည်ဟုဆိုသည့် ခရီးသည်အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ အဆိုပါ...

ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ...

နေပြည်တော်၊ ဇူလိုင် ၂၄ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းကြောင့် ပျ-က်စီးဆုံးရှုံးခဲ့သည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးသွားပြီဖြစ်၍ လက်ရှိတွင်...
HomeNewsLocal NewsUNFPA နှင့် နားလည်မှုစာချွန်လွှာ...

UNFPA နှင့် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်နိုင်ရေး ဆွေးနွေး

နေပြည်တော်၊ ဇူလိုင်-၂၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (United Nations Population Fund-UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား ဇူလိုင် ၂၃ ရက်က တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝန်ကြီးဌာနနှင့် UNFPA တို့အကြား နှစ်ဖက်သဘောတူထားသည့် စီမံကိန်းပါလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ပြည်ထောင်စုအစီရင်ခံစာ၊ တိုင်းဒေသကြီးလေးခု၏ အစီရင်ခံစာများထုတ်ပြန်ပြီးစီးမှုနှင့် ကျန်တိုင်းဒေသကြီး၊ ပြည်နယ်အစီရင်ခံစာများထုတ်ပြန်နိုင်ရေးဆက်လက်ဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းရလဒ်များအပေါ် အခြေခံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်နေမှု၊ UNFPA ၏ နိုင်ငံခြားသားဝန်ထမ်းများ ပြည်ဝင်ဗီဇာနှင့်နေခွင့်ဆိုင်ရာကိစ္စရပ်များအဆင်ပြေစေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုဆောင်ရွက်ပေးမှု၊ UNFPA အနေဖြင့် ဝန်ကြီးဌာနနှင့်နီးကပ်စွာ ဆက်လက်လက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦး၊ ပြည်သူ့အင်အားဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတင်ကျင်းပမည်

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပမည့်ရက်ကို အသိပေးကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၆၆/၀ နှင့် ၆၆/၁ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၉၂ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

DEMU ရထားပေါ်တွင် စည်းကမ်းဖေ-ာက်ဖျ-က်ခဲ့သည့် ခရီးသည် ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေဖြင့် အမှုဖွင့်အရေးယူ

နေပြည်တော်၊ ဇူလိုင်-၂၄ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူခဲ့သည်ဟုဆိုသည့် ခရီးသည်အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်မှာ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းက ပျဉ်းမနားဘူတာသို့ ရောက်ရှိလာသည့် ရန်ကုန်-မန္တလေး DEMU ရထား၏ အထက်တန်းတွဲအတွင်း လိုက်ပါစီးနင်းလာသည့် အမျိုးသမီး ၄ ဦးသည် ရထားပေါ်တွင် ကျယ်လောင်စွာ စကားပြောဆိုခြင်း၊ ကွမ်းစားခြင်း၊ ထိုင်ခုံအစွပ်များကို ကွမ်း၊ ထုံးနှင့် ကွမ်းတံတွေးများဖြင့် ပေကျံစေခြင်း၊ ပတ်ဝန်းကျင်ကို ညစ်ပတ်စေခြင်းတို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071