Saturday, July 25, 2026

ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးချိန်တွင် မြန်မာအသင်း...

ရန်ကုန်၊ ဇူလိုင် ၂၅​AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့ ဇူလိုင် ၂၅ ရက်...

ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍...

နေပြည်တော်၊ ဇူလိုင် ၂၅ ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက်...

လှော်ကား ရေတွန်းစက်ရုံ နှစ်နာရီခန့် ပြုပြင်မည်ဖြစ်၍...

ရန်ကုန်၊ ဇူလိုင်-၂၅ လှော်ကားရေလှောင်ကန်ရှိ ရေတွန်းစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် ဇူလိုင် (၂၇) ရက် (တနင်္လာနေ့) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ်...

မြတ်ကောင်းခန့် သွင်းဂိုးဖြင့် ပထမပိုင်းရလဒ် အလားအလာကောင်းနေ

ယနေ့ ဇူလိုင်၂၅ ရက် ညနေပိုင်းအချိန်၌ မြန်မာ-မလေးရှားအသင်းတို့၏ AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရာ...
HomeMoviesအမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား...

အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား လက်မှတ်ရေးထိုးမည့် Work Plan ပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး

နေပြည်တော်၊ဇူလိုင်-၂၄

အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့(UNFPA)၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig နှင့်အဖွဲ့အား ဇူလိုင် ၂၃ ရက်က အမျိုးသမီးရေးရာဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် UNFPA အဖွဲ့တို့အကြား လက်မှတ်ရေးထိုးမည့် Work Plan ပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနတွင် Help Line ထားရှိနိုင်ရေး၊ ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်ခံရသူအမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Center-OSWSC)တွင် ဝန်ဆောင်မှုများ ပံ့ပိုးပေးရေးဆိုင်ရာများကို လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်၊ ဘာသာရပ်ဆိုင်ရာတာဝန်ရှိသူများနှင့် UNFPA မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးချိန်တွင် မြန်မာအသင်း ၂-၁ ဂိုးဖြင့် ရှုံးနိမ့်

ရန်ကုန်၊ ဇူလိုင် ၂၅​AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနှင့် မလေးရှားတို့၏ ပွဲစဉ်တွင် မြန်မာအသင်းက ပထမပိုင်း၌ ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ၂-၁ ဂိုးရလဒ်ဖြင့် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သည်။ ​အဆိုပါပွဲစဉ် ပထမပိုင်း စတင်ပြီး ၁၀ မိနစ်တွင် မြန်မာအသင်းအတွက် ကွင်းလယ်လူ မြတ်ကောင်းခန့်က ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့သဖြင့် မြန်မာအသင်း ပွဲကို အသာစီးရရှိခဲ့ပြီး...

ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍ Digital Safety အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဟု ပညာရေးဝန်ကြီးဌာန ပြော

နေပြည်တော်၊ ဇူလိုင် ၂၅ ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် Digital Safety အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ဘက်ပေါင်းစုံမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့တွင် ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊...

လှော်ကား ရေတွန်းစက်ရုံ နှစ်နာရီခန့် ပြုပြင်မည်ဖြစ်၍ ရန်ကုန်တိုင်းရှိ မြိုနယ် ၁၆ မြို့နယ်တွင် ရေခေတ္တပြတ်တောက်မည်

ရန်ကုန်၊ ဇူလိုင်-၂၅ လှော်ကားရေလှောင်ကန်ရှိ ရေတွန်းစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် ဇူလိုင် (၂၇) ရက် (တနင်္လာနေ့) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ် (၁၆) မြို့နယ်၌ ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အသိပေး ထုတ်ပြန်ထားသည်။​ လှော်ကားရေတွန်းစက်ရုံရှိ 33/6 kV, 4 MVA Transformer သည် OLCT Control ပိုင်း ချို့ယွင်းမှု ဖြစ်ပေါ်နေသဖြင့် ဇူလိုင် (၂၇) ရက် နေ့လယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071