Thursday, July 23, 2026

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပမည့် (၄၁)ကြိမ်မြောက် Indonesia Trade...

အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂီရန်မြို့ရှိ Indonesia Convention Exhibition (ICE) BSD တွင် လာမည့် အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ...

မိုးတိမ်တောင်များရွှေ့လျားနေသည့် ရန်ကုန်တိုင်း၌ မိုးရာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်

ရန်ကုန်တိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိရာ ယင်း မိုးတိမ်တောင်များရွှေ့လျားမှုကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းတို့အပါအဝင် မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၂၃ ရက်ည...

ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့...

ဆာနာ၊ ဇူလိုင် ၂၂ အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့် ယီမင်အခြေစိုက် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံအပေါ် ကြေညာထားသည့် ရေတပ်ပိတ်ဆို့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နှင့်...

လျှပ်စစ်ကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်၍ အစိုးရရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်...

နေပြည်တော်၊ ဇူလိုင် ၂၃ လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ နိုင်ငံတော်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များ လျှော့ချနိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က ပြောကြားသည်။ ကျောင်းကုန်းမဲဆန္ဒနယ်မှ...
HomeMoviesအာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်း၌ပြဋ္ဌာန်းထားချက်များကိုလေးစားလိုက်နာသင့်ဟု MOFA...

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်း၌ပြဋ္ဌာန်းထားချက်များကိုလေးစားလိုက်နာသင့်ဟု MOFA သတိပေး  အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒ(ASEAN Consensus) ဖြင့်ထုတ်ပြန်ခဲ့ခြင်းမဟုတ်

၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ကျင်းပခဲ့သော အာဆီယံနိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးအပြီးတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ခဲ့သောအာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာ တမ်း၌ပြဋ္ဌာန်းထားချက်များကိုလေးစားလိုက်နာသင့်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ နိုင်ငံခြားရေးမူဝါဒနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်တို့နှင့်အညီ အိမ်နီးချင်းနိုင်ငံများ၊ ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်သွားမည်ဟု ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။

ထို့ပြင် အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာ အာ ဏာကို အစဉ်အမြဲအလေးထားကာ အာဆီယံနှင့် အပြု သဘောဆောင်၍ အကျိုးရှိသောပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်ထိန်းသိမ်းသွားမည်ဟုလည်း ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။

ထို့ကြောင့် အာဆီယံထုတ်ပြန်ချက်(၅)ရပ်အပေါ် ဆွေး နွေးမှုများနှင့် အကောင်အထည်ဖော်မှုများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာ တမ်း၌ ပြဋ္ဌာန်းထားသည့် အာဆီယံ၏အခြေခံမူများဖြစ်သော အဖွဲ့ဝင်နိုင်ငံများ၏ အချုပ်အခြာအာဏာကို လေးစားရေး၊ ပြည်တွင်းရေးဝင်ရောက်စွက်ဖက်ခြင်းမပြုရေးတို့ကိုလေးစားလိုက်နာသင့်သည်ဟုလည်း ထုတ်ပြန်ချက်၌ဖော်ပြခဲ့သည်။

ယင်း ထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံလုပ်ထုံးလုပ် နည်းများနှင့်သွေဖည်၍ အဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် အဓိကသက်ဆိုင်သည့် မြန်မာနိုင်ငံအားမူကြမ်းချပြ အ သိပေးညှိနှိုင်းမှုမရှိဘဲ ဥက္ကဋ္ဌထုတ်ပြန်ချက်၏ နောက် ဆက်တွဲအဖြစ်ထည့်သွင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒ(ASEAN Consensus) ဖြင့်ထုတ်ပြန်ခဲ့ခြင်းမဟုတ်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ပကတိအခြေအနေများအပေါ်မူတည်၍ အာဆီယံနှင့်အဖြစ်နိုင်ဆုံးဆက်လက်ပူးပေါင်းဆောင်ရွက်သွားဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

အဆိုပါ အာဆီယံထုတ်ပြန်ချက်(၅)ရပ်နှင့်ပတ်သက်၍ ဇူလိုင် ၉ ရက်ကကျင်းပသည့်  ပြည်ထောင်စုလွှတ် တော်၌ “အာဆီယံထုတ်ပြန်ချက်(၅)ရပ်သည် အာဆီယံ ၏ အခြေခံမူများနှင့်ကွဲလွဲနေသည့်အပြင် မြန်မာနိုင်ငံ ၏ လက်ရှိပကတိနိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိသဖြင့် လိုအပ်သကဲ့သို့သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း”အ ရေးကြီးအဆိုတစ်ရပ်ကိုအတည်ပြုဆုံးဖြတ်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပမည့် (၄၁)ကြိမ်မြောက် Indonesia Trade Expo(TEI) 2026 တွင်ပါဝင်ပြသရန် မြန်မာစီးပွားရေးလုပ်ငန်းရှင်များကိုဖိတ်ခေါ်

အင်ဒိုနီးရှားနိုင်ငံ၊ တန်ဂီရန်မြို့ရှိ Indonesia Convention Exhibition (ICE) BSD တွင် လာမည့် အောက်တိုဘာ ၁၄ ရက်မှ အောက်တိုဘာ ၁၈ ရက်အထိကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံးနိုင်ငံတကာကုန်သွယ်မှုပြပွဲဖြစ်သည့် (၄၁)ကြိမ်မြောက် Indonesia Trade Expo (TEI) 2026 တွင်ပါဝင်ပြသရန် မြန်မာစီး ပွားရေးလုပ်ငန်းရှင်များကိုဖိတ်ခေါ်ခဲ့သည်။ အဆိုပါ ပြပွဲနှင့်ပတ်သက်၍ အသိပညာဖြန့်ဝေခြင်းကို ယနေ့ ဇူလိုင် ၂၃ ရက်က မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး၌ပြုလုပ်ရာ အင်ဒိုနီးရှားနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များက "The Ultimate...

မိုးတိမ်တောင်များရွှေ့လျားနေသည့် ရန်ကုန်တိုင်း၌ မိုးရာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်

ရန်ကုန်တိုင်း၌ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိရာ ယင်း မိုးတိမ်တောင်များရွှေ့လျားမှုကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းတို့အပါအဝင် မိုးလေဝသဖြစ်စဥ်များဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၂၃ ရက်ည ၇ နာရီက အသိပေးခဲ့သည်။ ရန်ကုန်တိုင်းနည်းတူ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင်လညါး မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ အဆိုပါ မိုးတိမ်တောင်များရွေ့လျားရာနေရာတစ် လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊...

ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့ကြောင်း ဟူသီအဖွဲ့ ထုတ်ပြန်အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှုအပေါ် စိုးရိမ်မှုမြင့်တက်

ဆာနာ၊ ဇူလိုင် ၂၂ အီရန်နှင့် မဟာမိတ်ဖွဲ့ထားသည့် ယီမင်အခြေစိုက် ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံအပေါ် ကြေညာထားသည့် ရေတပ်ပိတ်ဆို့မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပင်လယ်နီတွင် ဆော်ဒီရေနံတင်သင်္ဘောနှစ်စင်းကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။ ဟူသီအဖွဲ့က တိုက်ခိုက်ခံရသည့် သင်္ဘောများမှာ Encelia နှင့် Layla ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ဆော်ဒီနိုင်ငံပိုင် SPA သတင်းဌာနကမူ အစိုးရသတင်းရင်းမြစ်ကို ကိုးကား၍ Encelia သင်္ဘောတွင် လက်နက်ထိမှန်ကာ သင်္ဘောဦးပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ Layla သင်္ဘော တိုက်ခိုက်ခံရမှုကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ဟူသီအဖွဲ့သည်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071