တာချီလိတ်၊ ဇူလိုင် ၂၃
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ဟုတ်ကျေးရွာရှိ တာချီလိတ်–ကျိုင်းတုံ အမှတ်(၄)လမ်းမကြီးပေါ်တွင် ကားတစ်စီးက လျှပ်စစ်ဓာတ်အားပေးတိုင်ကို ဝင်တိုက်မိခဲ့သဖြင့် ဓာတ်တိုင်ကျိုးကျခဲ့ကာ ဇူလိုင် ၂၃ ရက် နံနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဧရိယာအချို့တွင် အချိန်ပိုင်း လျှပ်စစ်ဓာတ်အားပြ-တ်တေ-ာက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြို့မီးလင်းရေးဦးဆောင်ကော်မတီ (လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း) ၏ ဓာတ်အားဖြန့်ဖြူးမှုစနစ်အတွင်းရှိ မယ်ယန်းဖီဒါ (၂၂ ကေဗွီ) ဓာတ်အားလိုင်း၏ လျှပ်စစ်ဓာတ်အားပေးတိုင်ကို ကားတစ်စီးက ဝင်တို-က်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကားဝင်တိုက်မှုကြောင့် ဓာတ်တိုင်ကျိုးကျခဲ့သဖြင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားကို ပုံမှန်အတိုင်း ပြန်လည်ပို့လွှတ်နိုင်ရေးအတွက် မြို့မီးလင်းရေးဦးဆောင်ကော်မတီက ဓာတ်တိုင်အသစ် အစားထိုးစိုက်ထူခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယင်းကာလအတွင်း လျှပ်စစ်ဓာတ်အား အချိန်ပိုင်းပြ-တ်တေ-ာက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်အားပြ-တ်တေ-ာက်မှုကြောင့် ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအုပ်စု၊ စစ်ဗျူဟာ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စုတို့တွင် အချိန်ပိုင်း လျှပ်စစ်ဓာတ်အားပြ-တ်တေ-ာက်ခဲ့ကြောင်း သိရသည်။
