Saturday, July 25, 2026

စီးပွားရေးအဖွဲ့အစည်းတစ်ခုထက်ပိုသော MYANWEN ရဲ့ ၅...

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းအားမြှင့်တင်ခြင်း၊ MSME ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ခြင်းနှင့် တည်တံ့ခိုင်မြဲသော စီးပွားရေးဂေဟစနစ်ဝန်းကျင် တည်ဆောက်နိုင်ရေးတို့အတွက် မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women...

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) ရဲ့...

ယနေ့ ဂျူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs...

သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ...

သီပေါ၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့်...

မူဆယ်တွင် အွန်လိုင်းလိမ်လည် လောင်းကစားပြုလုပ်သူ ၅၅...

မူဆယ်၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်အတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြုလုပ်နေသည့် တရုတ်နိုင်ငံသား ၁၇ ဦးနှင့် မြန်မာနိုင်ငံသား...
HomeNewsLocal Newsရန်ကုန်မြို့တွင် MSME One...

ရန်ကုန်မြို့တွင် MSME One Stop Service ရုံးဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME One Stop Service ရုံးဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၁ ရက်၊ နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ အမှတ် (၃၅) အဆိုပါရုံးတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ ဥက္ကဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ MSME Agency အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

One Stop Service ရုံးကို နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်နှင့်အညီ MSME လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးရန်နှင့် ဌာနဆိုင်ရာဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် (Single Window Service) အလွယ်တကူရရှိနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဒေါက်တာမျိုးသော်က ပြောကြားခဲ့သည်။

ယခုရုံးမှတစ်ဆင့် လုပ်ငန်းမှတ်ပုံတင်နှင့် လိုင်စင်ဆိုင်ရာ ဝန်ဆောင်မှုများ၊ ချေးငွေနှင့် ငွေကြေးဆိုင်ရာ အကြံပေးချက်များ၊ နည်းပညာနှင့် အရည်အသွေးစံချိန်စံညွှန်း အသိအမှတ်ပြုလက်မှတ်များ၊ သင်တန်းများနှင့် ဈေးကွက်ချိတ်ဆက်မှုများနှင့် အခြားလိုအပ်သော အစိုးရဝန်ဆောင်မှုများကို ပိုမိုလွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏ စီးပွားရေးအချက်အချာဖြစ်သည့်အတွက် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် တိုင်းဒေသကြီး၏ စီးပွားရေးသာမက နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော အင်အားတစ်ရပ်ဖြစ်ကြောင်း၊ ရုံးဝန်ထမ်းများအနေဖြင့် ဝန်ဆောင်မှုပေးရာတွင် မြန်ဆန်မှု၊ မှန်ကန်မှု၊ ပွင့်လင်းမြင်သာမှုနှင့် လုပ်ငန်းရှင်ဗဟိုပြုဝန်ဆောင်မှုစနစ်များကို အလေးထား ဆောင်ရွက်ကြရန်လိုကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရ၊ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကကဏ္ဍနှင့် MSME လုပ်ငန်းရှင်များအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း ဝန်ကြီး ဒေါက်တာမျိုးသော်က တိုက်တွန်းပြောကြားသည်။

ထို့နောက် MSME One Stop Service ရုံးကို ရန်ကုန်တိုင်းဒေသကြီး MSME Agency ဥက္ကဌ ဒေါက်တာမျိုးသော် နှင့်အတူ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စီးပွားရေးအဖွဲ့အစည်းတစ်ခုထက်ပိုသော MYANWEN ရဲ့ ၅ နှစ်တာကာလအတွင်း အောင်မြင်ခဲ့သည့် မှတ်တိုင်များ

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းအားမြှင့်တင်ခြင်း၊ MSME ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်ခြင်းနှင့် တည်တံ့ခိုင်မြဲသော စီးပွားရေးဂေဟစနစ်ဝန်းကျင် တည်ဆောက်နိုင်ရေးတို့အတွက် မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs Network - MYANWEN) ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂ ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်။ MYANWEN သည် ယခုအချိန်တွင် တိုင်းဒေသကြီး/ ပြည်နယ် (၅) ခု၌ အခြေစိုက်နိုင်ခဲ့ပြီး အသင်းဝင်ပေါင်း ၇၀၀ ကျော်ဖြင့် အရှိန်အဟုန်တိုးတက်လျက်ရှိကာ အသေးစား၊ အလတ်စားနှင့် အငယ်စား...

မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (MYANWEN) ရဲ့ (၅) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး

ယနေ့ ဂျူလိုင်လ ၂၅ ရက်တွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ မြန်မာအမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်များကွန်ရက် (Myanmar Women Entrepreneurs Network - MYANWEN) ၏ (၅) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ကျင်းပခဲ့သည်။ အခမ်းအနားသို့ အမျိုးသမီးရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး၏ဇနီး၊ မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ သံတမန်များ၊ နိုင်ငံတကာ ကုန်သွယ်စက်မှုအသင်းများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ...

သီပေါဟော်နန်းကို နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် တရားဝင်သတ်မှတ်

သီပေါ၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိ ရှေးဟောင်းအဆောက်အအုံအဖြစ် ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် တရားဝင် သတ်မှတ်ထုတ်ပြန်လိုက်သည်။ ရှမ်းပြည်မြောက်ပိုင်း၏ တစ်ခုတည်းသော ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် အဆိုပါ ဟော်နန်းကို ၁၉၂၄ ခုနှစ်တွင် စော်ဘွားကြီး ဆာစောချယ်လက်ထက်၌ ကျမိုင်း စပ်အုံကြာက အနောက်တိုင်း ဗိသုကာပုံစံဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ စော်ဘွားကြီး စဝ်ကြာဆိုင်မိသားစု နေထိုင်ခဲ့ဖူးကာ နောက်ပိုင်းတွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071