Saturday, July 25, 2026

ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးချိန်တွင် မြန်မာအသင်း...

ရန်ကုန်၊ ဇူလိုင် ၂၅​AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့ ဇူလိုင် ၂၅ ရက်...

ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍...

နေပြည်တော်၊ ဇူလိုင် ၂၅ ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက်...

လှော်ကား ရေတွန်းစက်ရုံ နှစ်နာရီခန့် ပြုပြင်မည်ဖြစ်၍...

ရန်ကုန်၊ ဇူလိုင်-၂၅ လှော်ကားရေလှောင်ကန်ရှိ ရေတွန်းစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် ဇူလိုင် (၂၇) ရက် (တနင်္လာနေ့) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ်...

မြတ်ကောင်းခန့် သွင်းဂိုးဖြင့် ပထမပိုင်းရလဒ် အလားအလာကောင်းနေ

ယနေ့ ဇူလိုင်၂၅ ရက် ညနေပိုင်းအချိန်၌ မြန်မာ-မလေးရှားအသင်းတို့၏ AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရာ...
HomeNewsLocal Newsတရားမဝင်လျှပ်စစ်ဓာတ်အား သုံးစွဲသူများကို သတ်မှတ်ကာလအတွင်း...

တရားမဝင်လျှပ်စစ်ဓာတ်အား သုံးစွဲသူများကို သတ်မှတ်ကာလအတွင်း အသိပေးပါက ဒဏ်ကြေးနှင့် တရားစွဲဆိုမှုများ ကင်းလွတ်ခွင့်ပြု လျော်ကြေးငွေကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ပေါ့ကောက်ခံမည်

နေပြည်တော်၊ ဇူလိုင် ၂၂ တရားမဝင်နည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲထားသူများအနေဖြင့် သတ်မှတ်ကာလအတွင်း သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အကြောင်းကြားလာပါက ဒဏ်ကြေးနှင့် တရားစွဲဆိုမှုများမှ ကင်းလွတ်ခွင့်ပြုပေးသည့်အပြင် လျော်ကြေးငွေကိုလည်း မူလသတ်မှတ်နှုန်း၏ ၅၀ ရာခိုင်နှုန်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဇူလိုင် ၂၂ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။ ဝန်ကြီးဌာနက တရားမဝင်နည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲနေသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်မတိုင်မီ သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးရန်နှင့် သတ်မှတ်ကာလအတွင်း အသိပေးလာသူများအား ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယခင် ဇူလိုင် ၁၂ ရက်တွင်လည်း သတ်မှတ်ရက် ကျော်လွန်ပြီးနောက် Control Center များမှ စစ်ဆေးတွေ့ရှိသည့် တရားမဝင်လျှပ်စစ်ဓာတ်အား သုံးစွဲမှုများကို ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေနှင့်အညီ ဒဏ်ကြေးပေးဆောင်စေခြင်း၊ မီတာအသုံးပြုခွင့်ကို ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းအထိ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပြီးဖြစ်သည်။ လက်ရှိတွင် တရားမဝင်ဓာတ်အား ရယူသုံးစွဲနေသူအချို့က သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အသိပေးလာလျက်ရှိပြီး ၎င်းတို့အား ဓာတ်အားဖြတ်တောက်ခြင်းမှ ကင်းလွတ်ခွင့်၊ ဒဏ်ကြေးငွေ ကျပ် ၃၀၀,၀၀၀ ပေးဆောင်ရန် ကင်းလွတ်ခွင့်၊ ၂၀၁၄ ခုနှစ် လျှပ်စစ်ဥပဒေအရ တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်တို့အပြင် လျော်ကြေးငွေကို မူလသတ်မှတ်နှုန်း၏ ၅၀ ရာခိုင်နှုန်း သာ ကောက်ခံသည့် ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ဝန်ကြီးဌာနက တရားမဝင်လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများ လျော့နည်းပပျောက်လာပါက လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ပြည်သူများထံ ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကိုယ်ချင်းစာစိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန်လည်း မေတ္တာရပ်ခံထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ပွဲပြီးချိန်တွင် မြန်မာအသင်း ၂-၁ ဂိုးဖြင့် ရှုံးနိမ့်

ရန်ကုန်၊ ဇူလိုင် ၂၅​AFF Championship Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ယနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းက ယှဉ်ပြိုင်ကစားခဲ့သည့် မြန်မာနှင့် မလေးရှားတို့၏ ပွဲစဉ်တွင် မြန်မာအသင်းက ပထမပိုင်း၌ ဦးဆောင်ဂိုး စတင်ရရှိခဲ့သော်လည်း ပွဲပြီးဆုံးချိန်တွင် ၂-၁ ဂိုးရလဒ်ဖြင့် မလေးရှားအသင်းကို ရှုံးနိမ့်ခဲ့သည်။ ​အဆိုပါပွဲစဉ် ပထမပိုင်း စတင်ပြီး ၁၀ မိနစ်တွင် မြန်မာအသင်းအတွက် ကွင်းလယ်လူ မြတ်ကောင်းခန့်က ဦးဆောင်ဂိုး စတင်သွင်းယူပေးခဲ့သဖြင့် မြန်မာအသင်း ပွဲကို အသာစီးရရှိခဲ့ပြီး...

ကျောင်းသားများ၏ Mobile Phone အသုံးပြုမှုနှင့်ပတ်သက်၍ Digital Safety အသိပညာပေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဟု ပညာရေးဝန်ကြီးဌာန ပြော

နေပြည်တော်၊ ဇူလိုင် ၂၅ ကျောင်းသား၊ ကျောင်းသူများ၏ Mobile Phone နှင့် Online Platform အသုံးပြုမှုကို လုံခြုံစိတ်ချပြီး အကျိုးရှိစွာ အသုံးချနိုင်စေရေးအတွက် Digital Safety အသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ဘက်ပေါင်းစုံမှ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့တွင် ပုသိမ်ကြီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်၏ မေးခွန်းကို ဖြေကြားရာတွင် ဒုတိယဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊...

လှော်ကား ရေတွန်းစက်ရုံ နှစ်နာရီခန့် ပြုပြင်မည်ဖြစ်၍ ရန်ကုန်တိုင်းရှိ မြိုနယ် ၁၆ မြို့နယ်တွင် ရေခေတ္တပြတ်တောက်မည်

ရန်ကုန်၊ ဇူလိုင်-၂၅ လှော်ကားရေလှောင်ကန်ရှိ ရေတွန်းစက်ရုံ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် ဇူလိုင် (၂၇) ရက် (တနင်္လာနေ့) နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ရှိ မြို့နယ် (၁၆) မြို့နယ်၌ ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အသိပေး ထုတ်ပြန်ထားသည်။​ လှော်ကားရေတွန်းစက်ရုံရှိ 33/6 kV, 4 MVA Transformer သည် OLCT Control ပိုင်း ချို့ယွင်းမှု ဖြစ်ပေါ်နေသဖြင့် ဇူလိုင် (၂၇) ရက် နေ့လယ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071