နေပြည်တော်၊ ဇူလိုင် ၂၃
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀) ရက်မြောက်နေ့တွင် မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို ဖွဲ့စည်းအတည်ပြုခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၂ ရက်က ကျင်းပသည့် အစည်းအဝေးတွင် အမျိုးသားလွှတ်တော်နှင့် ထိုင်းလွှတ်တော်တို့အကြား လွှတ်တော်ချင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်နိုင်ရေးအတွက် မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်းရန် လွှတ်တော်၏ သဘောတူညီချက်ကို ရယူခဲ့ကြောင်း သိရသည်။
အသင်းကို ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁၀) ဦးချစ်ဆွေ၊ အတွင်းရေးမှူးအဖြစ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းထွန်းအောင်တို့ အပါအဝင် အဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာ-ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်း၏ ဖွဲ့စည်းမှုနှင့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ကြောင်း သိရသည်။
