ရန်ကုန်၊ဇူလိုင်-၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီးတွင် လာမည့် ဝါတွင်းသုံးလပတ်လုံး (၅၄) ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်ပွဲနှင့် တရားပွဲများကို အပတ်စဉ် ဥပုသ်နေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ တရားပွဲများကို ဇူလိုင်လ ၂၉ ရက် (ဝါဆိုလပြည့်နေ့) မှ အောက်တိုဘာလ ၂၆ ရက် (သီတင်းကျွတ်လပြည့်နေ့) အထိ စေတီတော်ရင်ပြင်ရှိ ဆိပ်ကမ်းလုပ်သားများ စုပေါင်းဓမ္မာရုံ၌ ပြုလုပ်မည်ဖြစ်သည်။ ဥပုသ်နေ့တိုင်းတွင် နံနက် ၁၀ နာရီခွဲ၌ သီလပေးတရားတော်များ နာယူခြင်း၊ မွန်းလွဲ ၁၂ နာရီခွဲနှင့် ညနေ ၃ နာရီတို့တွင် စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ တိပိဋကဓရ ဆရာတော်ကြီးများနှင့် နိုင်ငံကျော် ဓမ္မကထိက ဆရာတော်ကြီးများ၏ တရားတော်များကို နာယူကြည်ညိုနိုင်မည်ဖြစ်သည်။ ထို့ပြင် ကြွရောက်လာကြမည့် အလှူရှင်များ၊ သီလရှင်/ယောဂီများနှင့် ဘုရားဖူး ပြည်သူများအတွက်လည်း ဂေါပကအဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ အာဟာရဒါနများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့တွင် ဆိုင်ကယ်ဘေးတွဲတပ်ဆင်အသုံးမပြုရန် အသိပေး၊ ဖေ-ာက်ဖျ-က်ပါက ဥပဒေအရ အရေးယူမည်ဟုဆို လားရှိုး၊ ဇူလိုင်-၂၂ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အတွင်း မော်တော်ဆိုင်ကယ်များကို ဘေးတွဲတပ်ဆင်အသုံးပြုခြင်း မပြုရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ယနေ့ ဇူလိုင် ၂၂ ရက်တွင် အသိပေးထုတ်ပြန်ထားကြောင်း ဒေသခံသတင်းအရင်းမြစ်ထံမှ သိရသည်။ အဆိုပါ ထုတ်ပြန်ချက်အရ မော်တော်ဆိုင်ကယ်များ လိုင်စင်သက်တမ်းတိုးရာတွင် ဘေးတွဲတပ်ဆင်ထားသည့် ယာဉ်များကို သက်တမ်းတိုးဆောင်ရွက်ပေးမည်မဟုတ်ဘဲ၊ နောင်တွင် ဘေးတွဲတပ်ဆင်အသုံးမပြုရန် ခံဝန်ကတိလက်မှတ် ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉၅ နှင့် ပုဒ်မ ၉၆ တို့အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထားကြောင်း သိရသည်။ ပုံစာ-လားရှိုးမြို့တွင် ယာဉ်အန္တရယ် လမ်းအန္တရယ်ကင်းရှင်းရေး ဆောင်ရွက်နေသည့်မြင်ကွင်း ဓာတ်ပုံ- credit
