Wednesday, July 22, 2026

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ်...

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့်...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး...

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ...

ချောင်းနှစ်ချောင်း ရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင်...

ဖားကန့်၊ ဇူလိုင် ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမြင့်တက်လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ကာမိုင်းမြို့၌...
HomeMoviesဟုမ္မလင်းတွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိ၊...

ဟုမ္မလင်းတွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိ၊ မြစ်ကမ်းနှင့် မြေနိမ့်ပိုင်းနေသူများကို ရေဘေးသတိပေး

ဟုမ္မလင်း၊ ဇူလိုင် ၂၁

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ထပ်မံမြင့်တက်လာနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီထုတ် ရေကြီးမှုအခြေအနေ သတင်းအရ၊ ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ် တိုင်းထွာချက်တွင် ဟုမ္မလင်းမြို့ရှိ ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေကြောင်း သိရသည်။

ထုတ်ပြန်ချက်အရ ချင်းတွင်းမြစ်ရေသည် နောက်တစ်ရက်အတွင်း ၁ ပေခန့် ထပ်မံမြင့်တက်လာနိုင်ပြီး ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း ဖော်ပြထားသည်။

ယင်းကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ကြိုတင်ရွှေ့ပြောင်းနေထိုင်ခြင်း၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် ရေဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ကြရန် မိုး/ဇလက တိုက်တွန်းထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ် ဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းများကို စနစ်တကျ ပိုမိုတိုးမြှင့် ဆောင်ရွက်စေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက လူထုအခြေပြု ဗဟိုဌာနများကို...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး ဆောင်ရွက်နေ

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအမှတ် (၁) သည် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်က လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ၁၀ အမ်ဗွီအေ ထရန်စဖော်မာ ဖြင့် အစားထိုးလဲလှယ်နိုင်ရန် တန် ၇၀ ကရိန်းယာဉ်နှင့် အခြားယန္တရားများကို အသုံးပြု၍...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ အားကောင်းလာစေရန်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော ပါရာ ကွန်မန်ဒို တပ်မဟာ ၏ ကြီးကြပ်မှုဖြင့် ၁၃ ရက်ကြာ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၁၉ ရက်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ပြန်ကြားရေးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071