Tuesday, July 21, 2026

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ်...

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့်...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး...

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ...

ချောင်းနှစ်ချောင်း ရေမြင့်တက်မှုကြောင့် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင်...

ဖားကန့်၊ ဇူလိုင် ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အင်းတော်ချောင်းနှင့် နန့်ကောင်းချောင်းတို့၏ ရေမြင့်တက်လာသဖြင့် ဇူလိုင် ၂၁ ရက်တွင် ကာမိုင်းမြို့၌...
HomeMoviesငမိုးရိပ်ချောင်းဘေးက မိကျောင်းမျိုးဆက်ထိန်းသိမ်းရာ သာကေတ...

ငမိုးရိပ်ချောင်းဘေးက မိကျောင်းမျိုးဆက်ထိန်းသိမ်းရာ သာကေတ မိကျောင်းမွေးမြူရေးစခန်းနှင့် ဥဥရာသီ၏ လုပ်ငန်းစဉ်များ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်အတွင်း ငမိုးရိပ်ချောင်းဘေးတွင် တည်ရှိသည့် သာကေတ မိကျောင်းမွေးမြူရေးစခန်းသည် ရန်ကုန်မြို့သူ မြို့သားများနှင့် ကလေးသူငယ်များအတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဗဟုသုတ ရှာမှီးရာ အရေးပါသော နေရာတစ်ခုဖြစ်ပြီး လက်ရှိတွင် မိကျောင်းများ ဥ ဥသည့် ရာသီသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဥဥရာသီ လုပ်ငန်းစဉ်နှင့် သဘာဝဖောက်ယူမှု
မွေးမြူရေးစခန်းအတွင်းရှိ ငမိုးရိပ်ချောင်းဘေး သဘာဝအတိုင်း ပေါက်ရောက်နေသော ခြုံနွယ်များအကြားတွင် မိကျောင်းမကြီးများမှ ဥဥလေ့ရှိကြသည်။ထိုဥများသည် ဖိမိ​ခြင်းအပါဝင် အ​ကြောင်း​ကြောင်းများ​ကြောင့် သား​ပေါက်ခဲလှသည်။
ထိုသို့ ဥဥထားသည့် မိကျောင်းဥများကို မွေးမြူရေးစခန်း လုပ်သားများက စနစ်တကျ လိုက်လံကောက်ယူကာ ဥဖောက်စက်များနှင့် အကောင်ဖောက်ကာ စိစစ်ထိန်းသိမ်းပေးကြရသည်။ သဥဖောက်သည့် စိန်ခေါ်မှုများကြောင့် အောင်မြင်စွာ ပေါက်မြောက်နှုန်းမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသော်လည်း မွေးမြူရေးစခန်း တာဝန်ရှိသူများက မိကျောင်းမျိုးဆက် မပျောက်ပျက်စေရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်လျက်ရှိသည်။

စခန်းအတွင်းရှိ မိကျောင်းကောင်ရေနှင့် မွေးမြူမှုအခြေအနေ

စခန်းအတွင်းရှိ သဘာဝကန်နှင့် ကွန်ကရစ်ကန်များတွင် ၂၀၂၄-၂၀၂၅ ခုနှစ်စာရင်းများအရ စုစုပေါင်း မိကျောင်း (၃၂၈) ကောင်အထိ စနစ်တကျ ထိန်းသိမ်းမွေးမြူထားရှိသည်။ အဆိုပါ မိကျောင်းများ၏ အရွယ်အစားများမှာ –

(၆) ပေအရွယ် (၆) နှစ်သား = ၇၇ ကောင်
(၇) ပေအရွယ် (၇) နှစ်သား = ၁၁၃ ကောင်
(၈) ပေအရွယ် (၈) နှစ်သား = ၈၃ ကောင်
(၉) ပေအရွယ် (၉) နှစ်သား = ၂၂ ကောင်
(၁၀) ပေအရွယ် (၁၀) နှစ်သား = ၁၆ ကောင်
(၁၀) ပေအထက် မိကျောင်းကြီးများ = ၁၇ ကောင် အသီးသီး ရှိကြသည်။

ကလေးများအတွက် ဗဟုသုတနှင့် စနေ/တနင်္ဂနွေ သရုပ်ပြပွဲများ

မိကျောင်းမွေးမြူရေးစခန်းသည် ကလေးသူငယ်များအတွက် သဘာဝရုပ်ဝတ္ထုနှင့် ရေသတ္တဝါများအကြောင်း အနီးကပ် လေ့လာနိုင်သည့် ဗဟုသုတဘဏ်တစ်ခု ဖြစ်သည်။ အထူးသဖြင့် စနေနှင့် တနင်္ဂနွေ ပိတ်ရက်များ၏ နေ့လည်ပိုင်းအချိန်များတွင် လာရောက်လည်ပတ်ကြသည့် မိသားစုများနှင့် ကလေးသူငယ်များအတွက် မိကျောင်းများ၏ သဘာဝနှင့် လှုပ်ရှားမှုများကို ပိုမိုစိတ်ဝင်စားဖွယ် မြင်တွေ့နိုင်စေရန် “မြီးတို”  မိကျောင်းကြီးနှင့် အစားကျွေးခြင်းဆိုင်ရာ သရုပ်ပြသမှုများ၊​ဖောက်ထားသည့်အ​ကောင်​ပေါက်​လေးများကိုထိ​တွေ့နိုင်​အောင်လည်း ဖန်တီးပေးထားသည်။

စခန်းအတွင်း၌ မိကျောင်းဥများ၊ မိကျောင်းပေါက်ကလေးများ ဖောက်ယူပုံအဆင့်ဆင့်များကို ကျောင်းပိတ်ရက်များတွင် မိသားစုလိုက် ဗဟုသုတရှာမှီးရင်း လည်ပတ်ရန် သင့်တော်သည့် နေရာတစ်ခုဖြစ်ကြောင်း သတင်းဖော်ပြလိုက်ပါသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရှေးဟောင်း မြန်မာ့ရုပ်ရှင်ဇာတ်ကားများနှင့် သတင်းဗီဒီယိုကားများကို ဒီဂျစ်တယ်စနစ် ဖြင့် စနစ်တကျ ထိန်းသိမ်းထားရှိ

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပြည်သူလူထုနှင့် အနီးကပ်ဆုံး ထိတွေ့ဆက်ဆံရသော ဌာနတစ်ခုဖြစ်သည့်အတွက် ပြည်သူများအတွက် အကျိုးရှိစေမည့် ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းများကို စနစ်တကျ ပိုမိုတိုးမြှင့် ဆောင်ရွက်စေလိုကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက ပြောကြားခဲ့သည်။ ရန်ကုန်မြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ဖလင်ပိဋကတ်တိုက်နှင့် လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ထိုသို့ လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက လူထုအခြေပြု ဗဟိုဌာနများကို...

ဥတ္တရသီရိမြို့နယ်ရှိ ထရန်စဖော်မာ လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် အစားထိုးလဲလှယ်ရေး ဆောင်ရွက်နေ

နေပြည်တော်၊ ဇူလိုင် ၂၁ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ၃၃ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၂) တွင် တပ်ဆင်ထားသည့် ၃၃/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအမှတ် (၁) သည် ဇူလိုင် ၂၁ ရက် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်က လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများက ၁၀ အမ်ဗွီအေ ထရန်စဖော်မာ ဖြင့် အစားထိုးလဲလှယ်နိုင်ရန် တန် ၇၀ ကရိန်းယာဉ်နှင့် အခြားယန္တရားများကို အသုံးပြု၍...

ဘင်္ဂလားဒေ့ရှ်နှင့် အမေရိက ပူးတွဲ စစ်ရေးလေ့ကျင့်မှုစတင်

ဇူလိုင်လ ၂၁ ရက်၊ ဒါကာ ဘင်္ဂလားဒေ့ရှ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် အင်ဒို-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာ အားကောင်းလာစေရန်အတွက် ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို စတင်လိုက်ပြီဖြစ်သည်။ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ အထူးတပ်ဖွဲ့တစ်ခုဖြစ်သော ပါရာ ကွန်မန်ဒို တပ်မဟာ ၏ ကြီးကြပ်မှုဖြင့် ၁၃ ရက်ကြာ ပြုလုပ်မည့် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၁၉ ရက်တွင် စတင်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် တပ်မတော်၏ ပြန်ကြားရေးဌာန...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071