Tuesday, July 21, 2026

လူငယ်ဘောလုံးသမားသစ်များ ရှာဖွေဖော်ထုတ်ရေးနှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးအတွက် FIFA/MFF...

ရန်ကုန်၊ ဇူလိုင် ၂၁ မြန်မာနိုင်ငံတစ်ဝန်း လူငယ်ဘောလုံးသမားသစ်များကို စနစ်တကျ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် ဒေသအလိုက် နည်းပြများ၏ စွမ်းရည်မြှင့်တင်နိုင်ရေးကို ရည်ရွယ်သည့် FIFA/MFF Regional Football...

စစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀ သက်တမ်းတိုး၊အုပ်ချုပ်ရေးနှင့်...

နေပြည်တော်၊ဇူလိုင်-၂၁ နိုင်ငံတော်သမ္မတရုံးသည် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၄/၂၀၂၆) ကို ယနေ့ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့်...

တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှလွဲ၍ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကြေညာထားသောမြို့နယ်များကိုထပ်မံသက်တမ်းတိုးရက်ပေါင်း(၉၀)ဖြစ်

ဥပဒေစိုးမိုးရေးလုပ်ငန်းများမူလအခြေအနေပြန်လည်ရောက်ရှိလာသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှလွဲ၍ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကြေညာထားသောမြို့နယ်များကို ယနေ့ ဇူလိုင် ၂၁ ရက်မှစတင်ကာ ရက်ပေါင်း(၉၀)အထိ ယင်း အမိန့်ဆက်ရှိနေမည်ဟု ကြေညာခဲ့သည်။ အဆိုပါ...

မန္တလေးရှိ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်း (၄) ခုအတွက်...

နေပြည်တော်၊ ဇူလိုင် ၂၁ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) က မန္တလေးရှိ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်း (၄)...
HomeNewsLocal Newsဇူလိုင် ၂၀ မှ...

ဇူလိုင် ၂၀ မှ ၂၇ အတွင်း ဒေသအများအပြား မိုးကြီးနိုင်၍ ရေကြီးမြေပြိုဘေး သတိပြုရန် မိုးဇလနှိုးဆော်

နေပြည်တော်၊ ဇူလိုင်-၁၉

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ထုတ်ပြန်သည့် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၁၉/၂၀၂၆) အရ ဇူလိုင် ၂၀ ရက်မှ ၂၇ ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်၌ လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် နိုင်ငံအနှံ့ ဒေသအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများ၌ မိုးကြီးနိုင်ကြောင်း သိရသည်။

အဆိုပါကာလအတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး၊ မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တို-က်ခတ်နိုင်ကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုအန္တရာယ်ကိုလည်းကောင်း ကြိုတင်သတိပြုကြရန် နှိုးဆော်ထားသည်။

ထို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးလုပ်ငန်းများ၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေဖြင့်လည်း ရာသီဥတုအခြေအနေကို အထူးဂရုပြု၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ကြရန် အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လူငယ်ဘောလုံးသမားသစ်များ ရှာဖွေဖော်ထုတ်ရေးနှင့် နည်းပြစွမ်းရည်မြှင့်တင်ရေးအတွက် FIFA/MFF RTC နည်းပြသင်တန်း ဖွင့်လှစ်

ရန်ကုန်၊ ဇူလိုင် ၂၁ မြန်မာနိုင်ငံတစ်ဝန်း လူငယ်ဘောလုံးသမားသစ်များကို စနစ်တကျ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် ဒေသအလိုက် နည်းပြများ၏ စွမ်းရည်မြှင့်တင်နိုင်ရေးကို ရည်ရွယ်သည့် FIFA/MFF Regional Football Training Center (RTC) Technical Director and Coaches Workshop 2026-2027 (Phase-2) သင်တန်းကို ဇူလိုင် ၂၁ ရက်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါသင်တန်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တို့...

စစ်အုပ်ချုပ်ရေးအမိန့် ရက် ၉၀ သက်တမ်းတိုး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ပိုင်ခွင့်နှင့်တာဝန်များ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အပ်နှင်း

နေပြည်တော်၊ဇူလိုင်-၂၁ နိုင်ငံတော်သမ္မတရုံးသည် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၄/၂၀၂၆) ကို ယနေ့ ဇူလိုင် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ပြီး အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် မြို့နယ်များ၌ စစ်အုပ်ချုပ်ရေးအမိန့်ကို ဆက်လက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။ အဆိုပါအမိန့်တွင် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်အမှတ် (၃/၂၀၂၆) ဖြင့် အရေးပေါ်အခြေအနေ ဆက်လက်တည်ရှိကြောင်း ကြေညာထားသည့် မြို့နယ်များ၌ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃၊ ပုဒ်မခွဲ (ခ) အရ စစ်အုပ်ချုပ်ရေးအမိန့် ဆက်လက်ထုတ်ပြန်ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးနှင့်...

တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှလွဲ၍ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကြေညာထားသောမြို့နယ်များကိုထပ်မံသက်တမ်းတိုးရက်ပေါင်း(၉၀)ဖြစ်

ဥပဒေစိုးမိုးရေးလုပ်ငန်းများမူလအခြေအနေပြန်လည်ရောက်ရှိလာသည့် ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့မှလွဲ၍ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်ကြေညာထားသောမြို့နယ်များကို ယနေ့ ဇူလိုင် ၂၁ ရက်မှစတင်ကာ ရက်ပေါင်း(၉၀)အထိ ယင်း အမိန့်ဆက်ရှိနေမည်ဟု ကြေညာခဲ့သည်။ အဆိုပါ ရက်ပေါင်း(၉၀)အထိဆက်ရှိနေမည့် အမိန့်သက်တမ်းတိုးခြင်းကို နိုင်ငံတော်သမ္မတရုံးက ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၃/ ၂၀၂၆ ဖြင့် ယနေ့ ဇူလိုင် ၂၁ ရက်ကထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်း အမိန့်သက်တမ်းတိုးခြင်းအား ယနေ့ ဇူလိုင် ၂၁ ရက်ကကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(နဝမနေ့)၏သဘောတူညီမှုဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၂၊ ပုဒ်မခွဲ (ဃ)အရကြေညာခဲ့ခြင်းဖြစ်သည်။ သက်တမ်းတိုးကြောင်းကြေညာခဲ့သော အရေးပေါ်အခြေအနေကြေညာသည့် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်အမှတ် ၁/၂ဝ၂၆...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071