ကျိုက်ထို၊ဇူလိုင်-၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သံတံတားကျေးရွာရှိ ဒေသခံပြည်သူများအား မြေငှားဂရန်ပေးအပ်ပွဲကို ဇူလိုင် ၁၈ ရက် (ယနေ)နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဂရန်ပေးအပ်ခြင်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျူချောင်ကျေးရွာအုပ်စု၊ သံတံတားကျေးရွာမှ ဒေသခံများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်တို့က မြေငှားဂရန် လျှောက်ထားခြင်း၊ ခွင့်ပြုချထားပေးခြင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြပြီး ဒေသခံများထံ ဂရန်များ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အဆိုပါ ပေးအပ်ပွဲသို့ ပြည်နယ်အဆင့်နှင့် ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ဂရန်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
