Saturday, July 18, 2026

ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရန် သန်လျင်ရေနံချက်စက်ရုံ...

ရန်ကုန်၊ ဇူလိုင်-၁၈ မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံမှု တိုးမြှင့်နိုင်ရေးနှင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းနေရမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် ယခင်က ယာယီရပ်နားထားခဲ့သည့် သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးလုပ်ငန်းစဉ်များကို...

မုဒုံမြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အ စာချက်စက်ရုံနှင့်...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ ခ လောက်ပေါ်ရွာကွင်း၏ ကွင်းအမှတ်-၈၁၆(ခ)ရှိ နိုင်ငံ တော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အစာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများတည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ စက်ရုံများကို...

ကျိုက်ထိုတွင် သံတံတားကျေးရွာဒေသခံများကို မြေငှားဂရန်များ ပေးအပ်

ကျိုက်ထို၊ဇူလိုင်-၁၈ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သံတံတားကျေးရွာရှိ ဒေသခံပြည်သူများအား မြေငှားဂရန်ပေးအပ်ပွဲကို ဇူလိုင် ၁၈ ရက် (ယနေ)နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ဂရန်ပေးအပ်ခြင်းကို...

ဗင်နီဇွဲလား ငလျင်ကြောင့် သေဆုံးသူ ၅,၀၀၀...

ဗင်နီဇွဲလားနိုင်ငံမှာ ပြင်းပြင်းထန်ထန် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၅,၀၆၉ ယောက်အထိ ရှိလာပြီလို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဂျော့ခ်ျ ရိုဒရီဂွက်ဇ်က ပြောပါတယ်။ သူ့ရဲ့ တယ်လီဂရမ်...
HomeMoviesTrans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော...

Trans-Himalaya ဖိုရမ်တွင် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းများ ဆွေးနွေး

လင်ကျီး၊ ဇူလိုင် ၁၇

တရုတ်နိုင်ငံ၊ ရှီဇန်း (တိဘက်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လင်ကျီး (Linzhi) မြို့၌ ကျင်းပလျက်ရှိသော (၅) ကြိမ်မြောက် China Xizang Trans-Himalaya Forum for International Cooperation ၏ ဒုတိယနေ့ အစီအစဉ်အဖြစ် ရေရှည်တည်တံ့သော တောင်တန်းဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေ့အကြုံများနှင့် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းများကို နိုင်ငံတကာပညာရှင်များက ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်၏ ပထမအစီအစဉ်တွင် ရှီဇန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒုတိယဥက္ကဋ္ဌ Xu Zhitao၊ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး Nuon Someth၊ ကမ္ဘာ့စီးပွားရေးဖိုရမ် (World Economic Forum) မှ Greater China ဥက္ကဋ္ဌနှင့် အမှုဆောင်ညွှန်ကြားရေးမှူး Neo Gim Huay၊ South Asia Regional Friendship and Cooperation with China ဥက္ကဋ္ဌ Mohamed Rasheed နှင့် အီတလီနိုင်ငံမှ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Corrado Teofili တို့က မိန့်ခွန်းများ ပြောကြားခဲ့ကြသည်။

ထို့နောက် “Cultural and Tourism Promotion” အစီအစဉ်တွင် ရှီဇန်းဒေသ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အလားအလာများကို မိတ်ဆက်တင်ပြခဲ့ပြီး ဆက်လက်၍ မိနစ် ၉၀ ကြာ Panel Discussion ကို ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် “High-quality Development of Plateau Culture and Tourism” ခေါင်းစဉ်ဖြင့် ကုန်းမြင့်ဒေသ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံနှင့် အီတလီနိုင်ငံတို့၏ တောင်တန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများကိုလည်း မျှဝေတင်ပြခဲ့ကြသည်။

အီတလီနိုင်ငံ၏ Alps တောင်တန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွေ့အကြုံများ၊ ဒေသန္တရအုပ်ချုပ်မှုစနစ်၊ ရေရှည်တည်တံ့သော တောင်တန်းခရီးသွားလုပ်ငန်း လက်မှတ်စနစ် (ECST Certification)၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်စေမည့် နည်းလမ်းများကိုလည်း အီတလီနိုင်ငံမှ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Corrado Teofili ကဆွေးနွေးခဲ့သည်။

ထို့ပြင် တောင်တန်းဒေသများတွင် ယဉ်ကျေးမှုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး၊ နှင်းကျားသစ်ကဲ့သို့ ရှားပါးတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ မြှင့်တင်ရေးတို့ကို ပူးပေါင်းအကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်တွင်းစက်သုံးဆီဖူလုံရေးနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်ရန် သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်ရေး အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နေ

ရန်ကုန်၊ ဇူလိုင်-၁၈ မြန်မာနိုင်ငံအတွင်း စက်သုံးဆီဖူလုံမှု တိုးမြှင့်နိုင်ရေးနှင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းနေရမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် ယခင်က ယာယီရပ်နားထားခဲ့သည့် သန်လျင်ရေနံချက်စက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ဌာနထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်နှင့် စက်သုံးဆီတင်သွင်းမှုအတွက် ကုန်ကျနေသည့် နိုင်ငံခြားငွေ (Foreign Currency) သုံးစွဲမှုကို ထိရောက်စွာ လျှော့ချပေးနိုင်ရန် ဖြစ်ပြီး၊ နိုင်ငံတော်၏ စွမ်းအင်လုံခြုံရေး (Energy Security) ကို ပိုမိုမြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ခြင်း...

မုဒုံမြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အ စာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများတည်ဆောက်မည်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအုပ်စု၊ ခ လောက်ပေါ်ရွာကွင်း၏ ကွင်းအမှတ်-၈၁၆(ခ)ရှိ နိုင်ငံ တော်ပိုင်မြေနေရာတွင် တိရစ္ဆာန်အစာချက်စက်ရုံနှင့် ရွှေဇီဝမြေဩဇာထုတ်စက်ရုံများတည်ဆောက်မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ စက်ရုံများကို မွန်ပြည်နယ်အတွင်း ဒေသထုတ် ကုန်များပိုမိုမြှင့်တင်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးနိုင်ရေးတို့အတွက်တည် ဆောက်ရန်စီစဥ်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ တည်ဆောက်မည့်မြေနေရာများအား မွန်ပြည် နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၁၈ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးပြီး စက်ရုံများရေရှည်လည်ပတ်နိုင်ရန်လိုအပ်မည့်လျှပ် စစ်မီးရရှိရေး၊ ကုန်ထုတ်လုပ်မှုနှင့် ကုန်စည်စီးဆင်းမှု လွယ်ကူစေရေး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင်ကြိုတင်ပြင်ဆင်ရန်မှာကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်ရုံဆောက်လုပ်မည့်မြေနေရာများတွင် ဥပ...

ကျိုက်ထိုတွင် သံတံတားကျေးရွာဒေသခံများကို မြေငှားဂရန်များ ပေးအပ်

ကျိုက်ထို၊ဇူလိုင်-၁၈ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သံတံတားကျေးရွာရှိ ဒေသခံပြည်သူများအား မြေငှားဂရန်ပေးအပ်ပွဲကို ဇူလိုင် ၁၈ ရက် (ယနေ)နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ဂရန်ပေးအပ်ခြင်းကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျူချောင်ကျေးရွာအုပ်စု၊ သံတံတားကျေးရွာမှ ဒေသခံများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်တို့က မြေငှားဂရန် လျှောက်ထားခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071