Home Movies စစ်ဆင်ရေးကာလ(၁)ခန့်အတွင်း တပ်မတော်က ထန်တလန်မြို့နှင့် အနီးဝန်းကျင်အားအပြည့်အဝပြန်လည်သိမ်းပိုက်ထိန်းချုပ်

စစ်ဆင်ရေးကာလ(၁)ခန့်အတွင်း တပ်မတော်က ထန်တလန်မြို့နှင့် အနီးဝန်းကျင်အားအပြည့်အဝပြန်လည်သိမ်းပိုက်ထိန်းချုပ်

0
112

အကြမ်းဖက်အဖွဲ့များ ယာယီထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့အား တပ်မတော်စစ်ကြောင်းများက ယနေ့ ဇူလိုင် ၁၆ ရက်တွင် အပြည့်အဝပြန် လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများက ထန်တလန်မြို့အား ပြန်လည်ထိန်းချုပ်သိမ်းပိုက်နိုင်ရန် ဇွန် ၁၂ ရက်မှစတင်၍ အဆင့်ဆင့်ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့ ဇူလိုင် ၁၆ ရက်တွင် ထန်တလန်မြို့အား အလုံးစုံပြန်လည်သိမ်းပိုက်ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကာလ(၁)လခန့်အတွင်း အကြမ်းဖက်အဖွဲ့ဝင်များထံမှ အလောင်းများ၊ လက်နက်မျိုးစုံ ၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကိုသိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်၌ တပ်မတော်စစ်ကြောင်းများက ချင်း ပြည်နယ်ရှိ ဆက်သွယ်ရေးလမ်းကြောင်းများအားဖွင့်လှစ်ပေးခဲ့ပြီးနောက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအမြန်ဆုံးပြန်လည်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရမှလည်း ပြန်လည်ထူထောင်ရေးပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here