Home Movies မြန်မာ့ပဋိပက္ခအတွင်းရှိ အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းရန် ပွင့်လင်းမှုရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြား

မြန်မာ့ပဋိပက္ခအတွင်းရှိ အဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းရန် ပွင့်လင်းမှုရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြောကြား

0
122

ဇူလိုင် ၁၅ ရက်

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်သည် မြန်မာအစိုးရ ကျောထောက်နောက်ခံပြုထားသည့် ညှိနှိုင်းရေးအဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့အစည်းအချို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ပြည်တွင်းစစ်ကို စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရနိုင်ကြောင်း ဘက်ပေါင်းစုံက အသိအမှတ်ပြုထားကြသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ရှီဟာဆတ် ဖွန်းကေကျောက် က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် နောင်တွင်ပြုလုပ်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် ညှိနှိုင်းပေးသူအဖြစ် ဆောင်ရွက်ရန်နှင့် ကျင်းပမည့်နေရာ ပံ့ပိုးပေးရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းသည် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူပေါင်း ၁၀၀,၀၀၀ ခန့် သေဆုံးပြီး သန်းနှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည့် မြန်မာနိုင်ငံအတွက် ရပ်တန့်နေသော အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်အသက်သွင်းရန် သိသာထင်ရှားသည့် ခြေလှမ်းတစ်ရပ် ဖြစ်လာသည်။

ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရှီဟာဆတ် ပြောကြားခဲ့သော အစည်းအဝေးများဆိုင်ရာ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည် –
၂၀၂၁ ခုနှစ်နောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများသည် တနင်္ဂနွေနေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ပထမဆုံးအကြိမ် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တစ်ရက်အကြာတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ မာရီယာ သီရီဆာ လာဇာရို နှင့် ရှီဟာဆတ် တို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ အပါအဝင် လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါအဖွဲ့များသည် ဆွေးနွေးညှိနှိုင်းရန် ပွင့်လင်းမှုရှိသော်လည်း ဘုံသဘောထားရပ်တည်ချက်တစ်ခုသို့ မရောက်ရှိသေးဘဲ လက်ရှိတွင် ၎င်းကို ဖော်ဆောင်ရန် လုပ်ဆောင်နေကြကြောင်း ရှီဟာဆတ် က ပြောကြားခဲ့သည်။

လာဇာရိုနှင့် ထိုင်းတာဝန်ရှိသူများသည် မြန်မာအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့်လည်း တွေ့ဆုံခဲ့ကြသည်။

စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် ၎င်းတို့၏ အကျိုးစီးပွားအတွက် မဟုတ်ကြောင်း ဘက်ပေါင်းစုံက အသိအမှတ်ပြုခဲ့ကြသည်ဟု ၎င်းက ဆိုသည်။
“နောက်ဆုံးမှာတော့ ကျွန်တော်တို့ ဆွေးနွေးမှုတွေ စတင်နိုင်မယ့် ဘုံသဘောထားအချို့ကို ရှာဖွေနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လောလောဆယ်မှာတော့ ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ခြေရှိပါတယ် – ဆွေးနွေးပွဲတွေကို ဘယ်လိုလုပ်ဆောင်မလဲ၊ ဘယ်နေရာမှာ ကျင်းပမလဲဆိုတာမျိုးတွေပါ” ဟု ရှီဟာဆတ် က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအတွက် “ဘုံသဘောတူညီချက် ၅ ချက်” ဟု လူသိများသော အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်ကို စွန့်လွှတ်ထားခြင်း မရှိပေ။

Ref: ရိုက်တာ

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here