Wednesday, July 15, 2026

ရက် ၁၀၀ စီမံချက်အတွင်း ဓာတ်အားခိုးယူသုံးစွဲမှု...

ယူနစ် ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ နေပြည်တော်၊ ဇူလိုင်-၁၅ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား...

ဇူလိုင် ၂၁ ရက်အထိ ဒေသအများစုတွင်...

ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန် မိုးဇလထုတ်ပြန် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဇူလိုင် ၁၅ ရက်မှ...

သံအမတ်ကြီး ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်...

ဩစတြီးယားနိုင်ငံ မြန်မာသံအမတ်ကြီးနှင့် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း...

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့အခမ်းအနားကျင်းပမည်ဖြစ်သဖြင့်...

(၇၉) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားများ ကျင်းပမည့် ၂၀၂၆ ခုနှစ် ဇူ လိုင် ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ နေရာအချို့၌...
HomeMoviesပြင်သစ်ကို နောက်ဆုံး သုံးကြိမ်ဆက်...

ပြင်သစ်ကို နောက်ဆုံး သုံးကြိမ်ဆက် အနိုင်ယူပြီး စပိန် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်လှမ်း

အမေရိကန်၊ ဇူလိုင် ၁၅

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ပထမဆုံး ဆီမီးဖိုင်နယ်ပွဲစဉ်တွင် စပိန်အသင်းသည် ပြင်သစ်အသင်းကို အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့သည်။

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ် ဒဲလပ်စ်ကွင်း၌ ယှဉ်ပြိုင်ခဲ့ပြီး  စပိန်အသင်းသည် ကျစ်လျစ်သော အသင်းလိုက်စုဖွဲ့မှုများဖြင့် ပြင်သစ်အသင်းကို ဖိအားပေးကစားကာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

စပိန်အသင်းအတွက် ပထမဦးဆောင်ဂိုးကို ပွဲကစားချိန် ၂၂ မိနစ်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး၊ လူငယ်ကြယ်ပွင့် ယာမယ် ကို ပြင်သစ်နောက်ခံလူ ဖျက်ထုတ်ပုံမှားယွင်းခဲ့၍ ရရှိသည့် ပင်နယ်တီမှတစ်ဆင့် အိုယာဇာဘယ်လ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ခြင်းလည်း ဖြစ်သည်။

ပြင်သစ်အသင်းသည် ပထမပိုင်းတွင် အဓိကနောက်ခံလူ ဝီလီယံ ဆာလီဘာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး တိုက်စစ်ဆင်ရန် ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း ပြန်လည်စတင်ပြီးနောက် ကစားချိန် ၅၈ မိနစ်တွင် အိုလ်မို၏ ဖန်တီးပေးမှုမှတစ်ဆင့် စပိန်နောက်ခံလူ ပတ်ဒရို ပေါ်ရိုက ဒုတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ခြင်းလည်း ဖြစ်သည်။

ပွဲကစားချိန်အတွင်း စပိန်အသင်းက  ပွဲကို ထိန်းချုပ်မောင်းနှင်ခဲ့ပြီး ပြင်သစ်အသင်း၏ တိုက်စစ်ဆင်မှုများကိုလည်း ခံစစ်ပိုင်း က အမှားယွင်းမရှိ ဟန့်တားနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခု အနိုင်ရလဒ်ကြောင့် စပိန်အသင်းသည် ယူရို ၂၀၂၄ ဆီမီးဖိုင်နယ် (၂-၁)၊ ၂၀၂၅ နေးရှင်းလိဂ် (၅-၄) ပြိုင်ပွဲများအပြီး ပြင်သစ်အသင်းအပေါ် နောက်ဆုံးသုံးကြိမ်ဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းကောင်းကို ပိုင်ဆိုင်သွားခဲ့ခြင်းလည်း ဖြစ်သည်။

စပိန်အသင်းသည် လာမည့်တနင်္ဂနွေနေ့တွင် ကျင်းပမည့် ဗိုလ်လုပွဲ၌ (အာဂျင်တီးနား သို့မဟုတ် အင်္ဂလန်အသင်း) နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရက် ၁၀၀ စီမံချက်အတွင်း ဓာတ်အားခိုးယူသုံးစွဲမှု ၃၄၀ ဖော်ထုတ်၊

ယူနစ် ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ နေပြည်တော်၊ ဇူလိုင်-၁၅ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ ပပျောက်စေရန် အဖွဲ့များခွဲ၍ အထူးအလေးထား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ထိုသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း စုစုပေါင်း တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှု အမှုပေါင်း ၃၄၀ ကို စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်းအမှုများတွင် စုစုပေါင်း လျှပ်စစ်ယူနစ် ၇ ဒသမ ၇ သန်းကျော်ကို အလွဲသုံးစားပြုလုပ်ခဲ့ကြသဖြင့် နိုင်ငံတော်မှ...

ဇူလိုင် ၂၁ ရက်အထိ ဒေသအများစုတွင် မိုးကြီးနိုင်၊

ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန် မိုးဇလထုတ်ပြန် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၌ ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ မြန်မာနိုင်ငံဒေသအများစုတွင် မိုးထစ်ချုန်းရွာသွန်းပြီး အချို့နေရာများ၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၁၆/၂၀၂၆) ဖြင့် ထုတ်ပြန်ထားသည်။ သတိပေးချက်အရ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများ၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့တွင်...

သံအမတ်ကြီး ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်

ဩစတြီးယားနိုင်ငံ မြန်မာသံအမတ်ကြီးနှင့် ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမင်းသိမ်းအား ကူဝိတ်နိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ကြောင်း သိရသည်။ ဦးမင်းသိမ်းသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာရေးရာများတွင် ဆယ်စုနှစ်ချီ တာဝန်ထမ်းဆောင်ခဲ့သော ဝါရင့် သံတမန်တစ်ဦး ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071