Home Movies ရက္ကန်းစက်များအဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှရင်း နှီးမတည်ငွေများထုတ်ချေးပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

ရက္ကန်းစက်များအဆင့်မြှင့်တင်နိုင်ရေး နိုင်ငံတော်မှရင်း နှီးမတည်ငွေများထုတ်ချေးပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြော

0
164

ပြည်နယ်များအလိုက် ချည်ထည်ထုတ်လုပ်နေသည့် ရက္ကန်းစက်များအဆင့်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံ တော်မှ ရင်းနှီးမတည်ငွေများထုတ်ချေးပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောသည်။

နိုင်ငံတော်သမ္မတက ယနေ့ ဇူလိုင် ၁၃ ရက်တွင် မကွေးမြို့၌ ပြည်တွင်းဝါစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝါ ကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများတိုးမြင့်လာစေရန်၊ ဝါစိုက်ပျိုးထုတ်လုပ်သည်မှ အထည်အ လိပ်ထုတ်လုပ်သည်အထိကွင်းဆက်တစ်လျှောက်အ ဆင့်ဆင့်တိုးတက်စေရန်ရည်ရွယ်ကျင်းပသည့် “ဝါစိုက်ပျိုးမှုမှသည် အထည်အလိပ်စက်မှုလုပ်ငန်းဆီသို့” ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဝါထုတ်လုပ်မှုအတွက် ယခင်နိုင်ငံတော်ပိုင် ချည်မျှင်နှင့်အထည်စက်ရုံများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် ရက္ကန်းစက်များအဆင့်မြှင့်တင်နိုင်ရေး၊ ခေတ်မီရက္ကန်းစက်များအသုံးပြုနိုင်ရေးတို့ကိုဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်တွင်းမှထွက်ရှိသည့် ဝါ များဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်ပစ္စည်းများကိုထုတ်လုပ်ရာ၌ ပြည်တွင်းလိုအပ်ချက်နှင့် ပြည်ပဈေးကွက်လိုအပ်ချက်ကို စနစ် တကျတွက်ချက်ဆောင်ရွက်ရမည်ဟု ပြောသည်။

” ဝါနဲ့ပတ်သက်တဲ့ ထုတ်လုပ်မှုတွေဆောင်ရွက်ရာမှာ ပြည်တွင်းလိုအပ်ချက်နဲ့ ပြည်ပဈေးကွက်တွေကို စနစ် တကျသုတေသနပြုလုပ်ရပါမယ်။  အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေမှာ ဝါလိုအပ်ချက်တွေရှိတာကြောင့် အမျိုးအစားကောင်းတဲ့ ချည်မျှင်ရှည်ဝါတွေ တင်ပို့ရောင်းချနိုင်ရင် နိုင်ငံခြားဝင်ငွေတွေရရှိပြီး နိုင်ငံ့စီးပွားကိုမြှင့်တင်နိုင်မှာဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မ တက ပြောသည်။

ဝါထုတ်လုပ်မှုတိုးတက်လာစေရေး ပြည်တွင်း၌ ဝါ ကြိတ်စက်များထုတ်လုပ်ရန် တပ်မတော်ကိုတာဝန်ပေးခဲ့ရာ ယခုအခါအရည်အသွေးမီသည့် ဝါကြိတ်စက်ကို ထုတ်လုပ်နိုင်ပြီဖြစ်ကာ ၂/၈၀ ချည်များထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် တပ်မတော် ချည် မျှင်နှင့်အထည်စက်ရုံတို့တွင်ဆောင်ရွက်ခဲ့ကာ နိုင်ငံ တော်၏ ဝါထုတ်လုပ်မှုတိုးတက်စေရေးအတွက် စု ပေါင်းသမဝါယမစနစ်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ပြီး ဝါ ကြိတ်စက်၊ ချည်မျှင်စက်နှင့် ရက္ကန်းစက်များတိုးတက်စေရေးအတွက် နိုင်ငံတော်မှကူညီပေးသွားမည်ဟု နိုင် ငံတော်သမ္မတက ပြောကြားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here