မကွေးတိုင်း၊ မင်းဘူး(စကု)မြို့နယ်၌ ယခုရက်ပိုင်းအ တွင်း ဧရာဝတီ မြစ်ရေသိသိသာသာမြင့်တက်လာကာ အနိမ့်ပိုင်းကျေးရွာအချို့၏ ရွာဘေးသို့မြစ်ရေများစ တင်ဝင်ရောက်လာနေကြောင်း သိရသည်။
မိုးဇလ၏ ယနေ့ ဇူလိုင် ၄ ရက်မွန်းတည့် ၁၂ နာရီခွဲအ ချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် မင်းဘူးမြို့၌ (၁,၃၉၃)စင်တီမီတာသို့ရောက်ရှိနေရာ စိုးရိမ်ရေ မှတ်ရောက်ရှိရန် (၃၀၇စင်တီမီတာသာလိုတော့ကြောင်း သိရသည်။
လက်ရှိအချိန်၌ မြစ်ရေဝင်ရောက်မှုမှာစိုးရိမ်ဖွယ်ရာမရှိသေးသော်လည်း ဧရာဝတီမြစ်ကမ်းဘေးတစ်လျောက်နေထိုင်သူများအနေဖြင့် မိုးတွင်းကာလတွင်ဖြစ်ပွားတတ်သော ဧရာဝတီမြစ်ရေကြီးခြင်းနှင့်အတူ ကမ်းပြိုဘေးအန္တရာယ်ကို သတိပြုသွားလာကြရန် မြို့တာဝန်ရှိသူများက သတိပေးထားကြောင်း သိရသည်။
ထို့ပြင် မြို့နယ်အတွင်း ရေဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ရေဘေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကိုလည်း သက်ဆိုင်ရာဌာနများက ပရဟိတအသင်းများနှင့်အတူလေ့ကျင့်လျက်ရှိကြောင်း သိရသည်။
