ရန်ကုန်တိုင်း၊ ဥက္ကံမြို့နယ်၌ ယနေ့ ဇူလိုင် ၄ ရက်ညနေ ၅ နာရီကျော်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုဖြစ် ပွားခဲ့ကြောင်း သိရသည်။
ဥက္ကံမြို့နယ်၊ ဖိုးတီကုန်းကျေးရွာတွင် လေဆင်နှာ မောင်းတိုက်ခတ်၍ နေအိမ်(၁)လုံးပြိုကျကာ နေအိမ် (၁၁)လုံးအမိုးလန်မှုပျက်စီးခဲ့သဖြင့် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
