Saturday, July 4, 2026

လာအိုရိုးရာ ပိုးထည်နှင့် လက်မှုပညာအခြေပြု SME...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဗီယင်ကျန်းမြို့ရှိ...

လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို့ မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီး...

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ (ဇူလိုင် ၄ ရက်) နံနက်ပိုင်းတွင်...

မြန်မာ-ဘယ်လာရုစ် လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အကောင်အထည်ဖော်ရေး...

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ဟနွိုင်းမြို့အခြေစိုက် ဘယ်လာရုစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir Baravikou နှင့်...

ရှေးဟောင်းဝတ္ထုပစ္စည်း ၅၇၂ ခု အပ်နှံသူများအား...

ရှေးဟောင်းဝတ္ထုပစ္စည်းများကို နိုင်ငံတော်ထံ လာရောက်အပ်နှံခဲ့သူများအား ဆုကြေးငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး...
HomeNewsLocal Newsသန်းခေါင်စာရင်းအချက်အလက်များကို မဟာဗျူဟာမြောက်အသုံးချနိုင်ရေး အမျိုးသားလူဦးရေနှင့်...

သန်းခေါင်စာရင်းအချက်အလက်များကို မဟာဗျူဟာမြောက်အသုံးချနိုင်ရေး အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် ဖွဲ့စည်းရန် အဆို လွှတ်တော်လက်ခံ

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့ကို ဇူလိုင် ၃ ရက်က ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ရရှိသည့် အချက်အလက်များကို ထိရောက်စွာ စီမံခန့်ခွဲအသုံးချနိုင်ရေးအတွက် အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင် ဖွဲ့စည်းရန် တိုက်တွန်းသည့်အဆိုကို ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်းက သန်းခေါင်စာရင်းမှ ရရှိသည့် ကိန်းဂဏန်းအချက်အလက်များကို စနစ်တကျ စီမံခန့်ခွဲ၍ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် မူဝါဒများ ချမှတ်အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကာ ပြည်ထောင်စုအစိုးရအနေဖြင့် အမျိုးသားလူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်မှုကော်မရှင်တစ်ရပ် ဖွဲ့စည်းဆောင်ရွက်ပေးရန် တိုက်တွန်းသည့်အဆိုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုကို သာပေါင်းမဲဆန္ဒနယ်မှ ဦးမောင်မောင်စိုးက ထောက်ခံဆွေးနွေးခဲ့ပြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အစည်းအဝေးတွင် လမ်းအဆင့်မြှင့်တင်ရေး၊ ရေကြီးနစ်မြုပ်မှုကာကွယ်ရေးအတွက် Check Gate (၂) ပေါက် တည်ဆောက်ရေး၊ ရေလှောင်တမံ အပြီးသတ်တည်ဆောက်ရေးနှင့် ရေထိန်းတာများ ပြုပြင်ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်းသည့် မေးခွန်း (၇) ခုကိုလည်း မေးမြန်းဖြေကြားခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လာအိုရိုးရာ ပိုးထည်နှင့် လက်မှုပညာအခြေပြု SME လုပ်ငန်းများကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးလေ့လာကြည့်ရှု

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက ဗီယင်ကျန်းမြို့ရှိ Phontong Handicrafts Cooperation နှင့် CAMA Crafts သို့ သွားရောက်၍ လာအိုနိုင်ငံ၏ ရိုးရာပိုးထည်နှင့် လက်မှုပညာအခြေပြု အသေးစား၊ အလတ်စားစက်မှုလုပ်ငန်း (SMEs) များ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။ Phontong Handicrafts Cooperation ကို ၁၉၇၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လာအိုရိုးရာပိုးမွေးမြူရေး၊...

လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို့ မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီး တို့ သွားရောက်ဖူးမျှော်

လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် ယနေ့ (ဇူလိုင် ၄ ရက်) နံနက်ပိုင်းတွင် လာအိုနိုင်ငံ၏ အထင်ကရ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ သာသနိကအမွေအနှစ်ဖြစ်သည့် ထက်လုံဘုရား (Pha That Luang) သို့ သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၏ မြို့တော် ဗီယန်ကျင်းရှိသမိုင်းဝင် "ဖာသက်လွန်း စေတီတော်ကြီး" ပင် ဖြစ်သည်။ ဤစေတီတော်ကြီးသည် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု ကြွယ်ဝပုံကို ပြသနေရုံတင်မကဘဲ လာအိုနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် စည်းလုံးညီညွတ်မှု၏ အသက်သွေးကြော...

မြန်မာ-ဘယ်လာရုစ် လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) အကောင်အထည်ဖော်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးနှင့် ဘယ်လာရုစ်သံအမတ်ကြီး ဆွေးနွေး

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ဟနွိုင်းမြို့အခြေစိုက် ဘယ်လာရုစ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Uladzimir Baravikou နှင့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) တွင် ပါဝင်သည့် လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။ ထို့အပြင် မြန်မာ-ဘယ်လာရုစ် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပူးတွဲကော်မတီ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071