Friday, July 3, 2026

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေး အမြန်အကောင်အထည်ဖော်ရန် ဘာသာရေးခေါင်းဆောင်များ၊...

ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေခံပညာကျောင်း ၂၇၂ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၇,၆၁၆ ဦး ပညာသင်ကြားလျက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး...

U-12 Junior Soccer World...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်...

ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာထိန်းသိမ်းပြီး အထူးဒေသ (၄)၏...

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)၏ ငြိမ်းချမ်းရေး (၃၇) နှစ်မြောက် အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာထိန်းသိမ်းကာ...

အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်သင့်ဟု...

ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့် တင်သွင်းသည့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ရန် အဆိုနှင့်ပတ်သက်၍ ဇူလိုင် ၂ ရက်က ကျင်းပသည့် တတိယအကြိမ်...
HomeMoviesအစိုးရနှင့် မွန်ပြည်သစ်ပါတီ (NMSP)...

အစိုးရနှင့် မွန်ပြည်သစ်ပါတီ (NMSP) ငြိမ်းချမ်းရေးဆွေးနွေး၊ သဘောတူညီချက်များကို မှတ်တမ်းတင် လက်မှတ်ရေးထိုးအတည်ပြု

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့သည် ယမန်နေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက်ဆွေးနွေးခဲ့သည့် အကြောင်းအရာများကို မှတ်တမ်းတင်နိုင်ရေး ညှိနှိုင်းကာ လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြကြောင်း သိရသည်။

ယခုတွေ့ဆုံဆွေးနွေးပွဲမှာ အစိုးရသစ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအရ ပြုလုပ်ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြည်နယ်အချို့တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့သော်လည်း မွန်ပြည်နယ်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးမည်ဖြစ်ကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများသို့ တင်ပြ၍ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းကလည်း အလွတ်သဘောတွေ့ဆုံမှုများမှတစ်ဆင့် အနှစ်သာရရှိပြီး အားလုံးပါဝင်နိုင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာစေရေး၊ ပွင့်လင်းမြင်သာမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရေးတို့၏ အရေးပါမှုကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး၊ မွန်စာပေသင်ကြားရေး၊ ကျန်းမာရေးဝန်ထမ်းနှင့် ဆေးဝါးအထောက်အပံ့ရရှိရေး၊ ရေးမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကော့ကရိတ်မြို့နယ် အနောက်ဘက်ခြမ်း (ဂျိုင်းမြစ်တောင်ဘက်ခြမ်း) နှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြောက်ပိုင်းကျေးရွာများတွင် မွေးစာရင်းအချက်အလက်များ အတည်ပြုထုတ်ပေးနိုင်ရေး၊ လမ်းနှင့်တံတားများ ဦးစားပေးဆောက်လုပ်ရေးအပြင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက်ပေါင်းစပ်ဆောင်ရွက်နိုင်ရေးတို့ကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီမှ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီ (NMSP) ဘက်မှ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဖလမ်းမြို့ ပြန်လည်ထူထောင်ရေး အမြန်အကောင်အထည်ဖော်ရန် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများနှင့် ဒုတိယဝန်ကြီး ဦးမျိုးမြင့် တွေ့ဆုံညှိနှိုင်း

ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြို့နယ်များတွင် အခြေခံပညာကျောင်း ၂၇၂ ကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ ၁၇,၆၁၆ ဦး ပညာသင်ကြားလျက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ၊ သိက္ခာတော်ရဆရာတော်များ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို ဇူလိုင် ၁ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အောင်မြင်စေရန် ဒေသတည်ငြိမ်အေးချမ်းရေးသည်...

U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲအတွက် မြန်မာ ယူ-၁၂ အသင်း ကစားသမားရွေးချယ်မည်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ အသင်းအတွက် ကစားသမားရွေးချယ်ပွဲကို ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ အဆိုပါ ပြိုင်ပွဲသည် ဂျပန်နိုင်ငံက နှစ်စဉ်အိမ်ရှင်အဖြစ် ကျင်းပသည့် နိုင်ငံတကာ လူငယ်ဘောလုံးပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ နိုင်ငံတကာအတွေ့အကြုံ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၃...

ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာထိန်းသိမ်းပြီး အထူးဒေသ (၄)၏ သမိုင်းစာမျက်နှာသစ် ရေးထိုးမည်ဟု ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ ပြော

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)၏ ငြိမ်းချမ်းရေး (၃၇) နှစ်မြောက် အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့က ငြိမ်းချမ်းရေးလမ်းစဉ်ကို မြဲမြံစွာထိန်းသိမ်းကာ အထူးဒေသ (၄)၏ သမိုင်းစာမျက်နှာသစ်ကို ဆက်လက်ရေးထိုးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဦးစန်ပေ့က အထူးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ရှေ့ဆောင်ဘိုးဘေးများ ချမှတ်ခဲ့သည့် အုတ်မြစ်ပေါ်တွင် အခြေခံတည်ဆောက်ထားပြီး ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၏ ခိုင်မာသည့် ဦးဆောင်မှုအပေါ် မူတည်၍ တိုးတက်လာခဲ့ကြောင်း ပြောကြားသည်။ ထို့ပြင် အထူးဒေသတည်ထောင်ပြီးနောက် မူလရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေးလမ်းစဉ်ကို စဉ်ဆက်မပြတ် ထိန်းသိမ်းခဲ့ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071