Thursday, July 2, 2026

ငြိမ်းချမ်းရေးသည် နံပါတ် (၁) ဦးစားပေးဖြစ်ပြီး...

နိုင်ငံတော်သမ္မတကြီး၏ အစိုးရသစ်အတွက် ဦးစားပေးမူဝါဒမှာ ငြိမ်းချမ်းရေးဖြစ်ပြီး ငြိမ်းချမ်းရေးသည် “နံပါတ် (၁)” ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးက အတိအလင်း ပြောကြားထားသလို၊ ရက်(၁၀၀) စီမံချက်အတွင်း...

နိုင်ငံတော်သမ္မတ၏ ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းတင်ပို့နိုင်ငံ မူဝါဒကို အပြည့်အဝအကောင်အထည်ဖော်နိုင်ပါက...

နိုင်ငံတော်သမ္မတကြီးက မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာ အဓိကဖြည့်ဆည်းတင်ပို့နိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးကို မူဝါဒအဖြစ် ချမှတ်ပေးထားပြီး ယင်းမူဝါဒကို အပြည့်အဝအကောင်အထည်ဖော်နိုင်ပါက နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကို အမြစ်ပြတ်တိုက်ထုတ်နိုင်သည့်...

၂၀၂၆ ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ စတင်ကျင်းပဇူလိုင်...

၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံး အမျိုးသား/အမျိုးသမီးပြိုင်ပွဲကို အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပလျက်ရှိပြီး ဇူလိုင် ၁ ရက် နံနက်ပိုင်းက...
HomeMoviesစီးပွားရေးပြန်လည်ဦးမော့လာမှုကြောင့် သီရိလင်္ကာကို အထက်တန်းအလယ်အလတ်ဝင်ငွေနိုင်ငံအဖြစ်...

စီးပွားရေးပြန်လည်ဦးမော့လာမှုကြောင့် သီရိလင်္ကာကို အထက်တန်းအလယ်အလတ်ဝင်ငွေနိုင်ငံအဖြစ် ကမ္ဘာ့ဘဏ် ပြန်လည်သတ်မှတ်

ကိုလံဘို၊ ဇူလိုင် ၂

သီရိလင်္ကာနိုင်ငံကို အထက်တန်းအလယ်အလတ်ဝင်ငွေရှိသော စီးပွားရေးနိုင်ငံ (Upper-Middle Income Economy) အဖြစ် ကမ္ဘာ့ဘဏ်က ပြန်လည်အဆင့်သတ်မှတ်လိုက်ကြောင်း သိရသည်။ ယင်းသည် ၂၀၂၂ ခုနှစ် စီးပွားရေးအကျပ်အတည်းကြောင့် အဆင့်လျှော့ချခံခဲ့ရပြီးနောက် လေးနှစ်အကြာတွင် ယခင်အဆင့်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်က ဇူလိုင် ၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးနိုင်ငံအလိုက် ဝင်ငွေအဆင့် သတ်မှတ်ချက်အရ စက်မှုကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍနှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်အားကောင်းလာမှုကြောင့် သီရိလင်္ကာ၏ စီးပွားရေး ပြန်လည်ဦးမော့လာခဲ့ပြီး အထက်တန်းအလယ်အလတ်ဝင်ငွေနိုင်ငံအုပ်စုတွင် ပြန်လည်ထည့်သွင်းသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်၏ အဆိုအရ ၂၀၂၅ ခုနှစ်အတွင်း သီရိလင်္ကာ၏ အမှန်တကယ် ဂျီဒီပီ (Real GDP) သည် ၅ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

“သီရိလင်္ကာဟာ စီးပွားရေးပြန်လည်ဦးမော့လာမှုရဲ့ ထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ပြင်းထန်တဲ့ စီးပွားရေးအကျပ်အတည်းကြောင့် နိုင်ငံဟာ ပြိုလဲလုနီးပါး အခြေအနေကို ရင်ဆိုင်ခဲ့ရပေမယ့်၊ သုံးနှစ်အကြာ ၂၀၂၅ ခုနှစ်မှာတော့ စက်မှုကဏ္ဍ၊ ဘဏ္ဍာရေးဝန်ဆောင်မှုနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်တိုးတက်လာမှုကြောင့် Real GDP ၅ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပါတယ်။ ယခုလို အဆင့်ပြန်လည်ရရှိတာဟာ စီးပွားရေးကြံ့ခိုင်နိုင်စွမ်းကို ပြသနေပေမယ့် သတ်မှတ်ချက်ကို အနည်းငယ်သာ ကျော်လွန်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

ကမ္ဘာ့ဘဏ်သည် ဖွံ့ဖြိုးတိုးတက်မှုဒေတာအုပ်စုမှ ပြုစုသည့် ယခင်ပြက္ခဒိန်နှစ်၏ တစ်ဦးချင်း အမျိုးသားဝင်ငွေ (Gross National Income per capita) ခန့်မှန်းချက်များကို အခြေခံ၍ နိုင်ငံများ၏ ဝင်ငွေအဆင့်အတန်းကို နှစ်စဉ် ဇူလိုင် ၁ ရက်တွင် ပြန်လည်သတ်မှတ်လေ့ရှိသည်။

ယင်းသတ်မှတ်ချက်အရ နိုင်ငံများကို ဝင်ငွေနည်းနိုင်ငံ၊ အောက်တန်းအလယ်အလတ်ဝင်ငွေနိုင်ငံ၊ အထက်တန်းအလယ်အလတ်ဝင်ငွေနိုင်ငံနှင့် ဝင်ငွေမြင့်နိုင်ငံ ဟူ၍ အုပ်စုလေးခုခွဲခြားထားသည်။

ယခုနှစ်၏ နိုင်ငံအလိုက် ဝင်ငွေအဆင့် သတ်မှတ်ချက်တွင် စီးပွားရေးနိုင်ငံနှင့် နယ်မြေစုစုပေါင်း ၂၁၈ ခု ပါဝင်ပြီး၊ ယင်းအဆင့်သတ်မှတ်ချက်သည် ၂၀၂၇ ခုနှစ် ဇွန်လကုန်အထိ ကမ္ဘာလုံးဆိုင်ရာ ကိုးကားသတ်မှတ်ချက်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

Ref: Xinhua

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငြိမ်းချမ်းရေးသည် နံပါတ် (၁) ဦးစားပေးဖြစ်ပြီး ငြိမ်းချမ်းရေးလိုလားသူ မည်သူ့ကိုမဆို အချိန်မရွေး တံခါးဖွင့်ကြိုဆိုမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား

နိုင်ငံတော်သမ္မတကြီး၏ အစိုးရသစ်အတွက် ဦးစားပေးမူဝါဒမှာ ငြိမ်းချမ်းရေးဖြစ်ပြီး ငြိမ်းချမ်းရေးသည် “နံပါတ် (၁)” ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးက အတိအလင်း ပြောကြားထားသလို၊ ရက်(၁၀၀) စီမံချက်အတွင်း အောင်မြင်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကာ ရက်(၁၀၀) ကျော်လွန်သွားသည့်တိုင် ငြိမ်းချမ်းရေးလိုလားသူ မည်သူ့ကိုမဆို တံခါးဖွင့်လှစ်၍ ဆက်လက်ကြိုဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ယင်းကို ဇွန်လ ၃၀ ရက်က နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ယခုအစိုးရလက်ထက်မှာ ပထမဦးဆုံးစလုပ်တာက ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ရက်(၁၀၀)အတွင်း...

နိုင်ငံတော်သမ္မတ၏ ကမ္ဘာ့စားနပ်ရိက္ခာဖြည့်ဆည်းတင်ပို့နိုင်ငံ မူဝါဒကို အပြည့်အဝအကောင်အထည်ဖော်နိုင်ပါက ဆင်းရဲနွမ်းပါးမှု အမြစ်ပြတ်တိုက်ထုတ်နိုင်မည်ဟု ဒေါက်တာခိုင်ခိုင်စိုး ပြောကြား

နိုင်ငံတော်သမ္မတကြီးက မြန်မာနိုင်ငံကို ကမ္ဘာ့စားနပ်ရိက္ခာ အဓိကဖြည့်ဆည်းတင်ပို့နိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးကို မူဝါဒအဖြစ် ချမှတ်ပေးထားပြီး ယင်းမူဝါဒကို အပြည့်အဝအကောင်အထည်ဖော်နိုင်ပါက နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုကို အမြစ်ပြတ်တိုက်ထုတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။ ဇွန် ၃၀ ရက်က နေပြည်တော်၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး၏ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားစဉ် ဒေါက်တာခိုင်ခိုင်စိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာခိုင်ခိုင်စိုးက မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားနေဆဲဖြစ်သည့်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အစိုးရအဆက်ဆက် အလေးထားဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအစိုးရလက်ထက်တွင်မူ...