နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ အလက်ဇန္ဒား လူကာရှန်ကို (H.E. Mr. Aleksandr Lukashenko) သည် ယနေ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတနှင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တို့သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါးထုတ်လုပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို အလေးထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်း ဆွေးနွေးအတည်ပြုသွားရန် စီစဉ်ထားကြောင်း သိရသည်။
