ယနေ့ ဇွန် ၂၉ ရက်တွင်ကျရောက်သည့် ပထမဝါဆိုလပြည့်နေ့တွင် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ အသံမစဲ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကိုဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားကြီးတိုက်၊ ပတ္တမြားကျောင်းဆရာတော်နှင့် ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိတို့ကြီးမှူးသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူကာ အလှည့်ကျဘာဏကဆရာတော်မှ အဘိဓမ္မာ (၇) ကျမ်းပါဠိတော်များကို စတင်ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
