Home Movies ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက် (၅၁)ဦးအောင်မြင်

ကော့ကရိတ်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ(၁၃၇)ဦးအနက် (၅၁)ဦးအောင်မြင်

0
106

စစ်ရေးအခြေအနေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အခက်အခဲများကြားမှ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၁၃၇)ဦးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဖြေဆိုခဲ့ကြရာ ယနေ့ ဇွန် ၂၈ ရက်တွင်ထွက်ရှိသည့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာ ရင်းတွင် ကော့ကရိတ်မြို့နယ်မှ ကျောင်းသား/သူ(၅၁) ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူများအနက် (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ် ထူးရှင်(၅)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၆)ဦးရှိခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here