Home News Local News မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်

မိုးလယ်ကာလအတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက် (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်

0
105

မိုးလယ်ကာလဖြစ်သည့် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အတွင်း ဧရာဝတီမြစ်ရေအပါအဝင်မြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ (၁) ကြိမ်ခန့်စီကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဒေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန် ၂၈ ရက်နံနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။
 
ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် (၁) ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် (၁) ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် (၁) ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် (၁) ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် (၁) ကြိမ်ခန့်နှင့် မဒေါက်မြို့တွင် (၂) ကြိမ်ခန့် စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၂) ကြိမ်ခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂) ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁) ကြိမ်ခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နှင့် ပုသိမ်မြို့တို့တွင် (၁) ကြိမ်ခန့်စီ စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁) ကြိမ်ခန့်နှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁) ကြိမ်ခန့် စိုးရိမ်ရေမှတ်အထက်ကျော်လွန်ရောက်ရှိနိုင်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here