ရန်ကုန်မြို့၌ ဇွန် ၂၄ ရက်နှင့် ဇွန် ၂၅ ရက်တို့ကကျင်းပသည့် ၂၀၂၆ ခုနှစ် တိုင်းနှင့်ပြည် နယ်ရေကူးပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုဖလားကို ရန်ကုန်တိုင်းအသင်းကဆွတ်ခူးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအသင်းက အမျိုးသားတံခွန်စိုက်ဆုဖလားကို ရမှတ်(၁၂၅)မှတ်၊ အမျိုးသမီးတံခွန်စိုက်ဆုဖလားကို ရမှတ်(၁၂၈)မှတ်တို့ဖြင့်ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး တာဝန်ရှိသူများက ဆုဖလား၊ ဆုတံဆိပ်များ၊ ဆုကြေးငွေများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒု-ဥက္ကဋ္ဌနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးညီညီအပါအဝင် တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက်ဆုရရှိကြသည့် အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆုများကိုပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
