Friday, June 26, 2026

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင်...

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန်...

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့်...

JLPT ဝင်ခွင့်ကတ်ပါ အမည်နှင့် မွေးသက္ကရာဇ်...

၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် ဝင်ခွင့်ကတ်ပြား (Test Voucher) ပါ...
HomeNewsLocal Newsအာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက်...

အာဆီယံ ယူ-၁၉ အမျိုးသမီးဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ဆွေးနွေး

နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး ဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ၌ အောင်မြင်မှုပိုမိုရရှိစေရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၏ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ အစည်းအဝေး (၁/၂၀၂၆) ကို ဇွန် ၂၅ ရက် နံနက်ပိုင်းက MFF Futsal Stadium ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုများအတွင်း ဖူဆယ်ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ဖူဆယ်လက်ရွေးစင်အသင်းများ နိုင်ငံတကာပြိုင်ပွဲများတွင် ရလဒ်ကောင်းများရရှိနိုင်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဖူဆယ်အားကစား ပိုမိုဖွံ့ဖြိုးလာစေရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် အာဆီယံ အမျိုးသမီး ယူ-၁၉ ဖူဆယ်ပြိုင်ပွဲအတွက် ပြင်ဆင်ဆောင် ရွက်နေမှု အခြေအနေများ၊ ၂၀၂၆ ခုနှစ်အတွင်း ကျင်းပရန်ကျန်ရှိသည့် ဖူဆယ်ပြိုင်ပွဲများ၏ ပြက္ခဒိန်ရေးဆွဲအတည်ပြုခြင်း၊ AFC လိုင်စင်ရ နည်းပြသင်တန်းများ ဖွင့်လှစ်နိုင်ရေးနှင့် ဖူဆယ်လက် ရွေးစင်အသင်းများအတွက် နည်းပြအဖွဲ့နှင့် Technical Team များ ဖွဲ့စည်းနိုင်ရေးတို့ကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

ယင်းအပြင် ၂၀၂၅ ခုနှစ်အတွက် ဘဏ္ဍာ ရေးရှင်းတမ်းဆိုင်ရာ ကိစ္စရပ်များကိုလည်းအစည်းအဝေးတွင် တင်ပြဆွေး နွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးထွန်းထွန်းအောင်၊ ဖူဆယ်လိဂ်ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်နှင့် ဘောလုံးအဖွဲ့ချုပ်၊ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံးကော်မတီမှတာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

ထို့ပြင် ကော်မတီဒုတိယဥက္ကဋ္ဌ ဦးဖြိုးမောင်မောင်နှင့်တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များကလည်း အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် စက်သုံးဆီခွဲတမ်း မရရှိမှုအပေါ် လွှတ်တော်တွင် မေးမြန်း

နယ်မြေအခြေအနေကြောင့် လက်ရှိမပို့ဆောင်နိုင်သေးသော်လည်း အခြေအနေပေးသည်နှင့် ခွဲတမ်းပြန်လည်ပို့ဆောင်မည်ဟု ဝန်ကြီးဌာန ဖြေကြား ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် လားရှိုးမြို့တို့တွင် အစိုးရစက်သုံးဆီခွဲတမ်း မရရှိသည့်အခြေအနေနှင့် စပ်လျဉ်း၍ စက်သုံးဆီခွဲဝေဖြန့်ဖြူးရေး အစီအစဉ်များကို သိရှိလိုကြောင်း နောင်ချိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်နိုင်က ယမန်နေ့က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။ ဦးကျော်မြင့်နိုင်က လားရှိုး၊ ကျောက်မဲ၊ သီပေါနှင့် နောင်ချိုမြို့များသည် စစ်ဘေးဒဏ်သင့်ခဲ့ရပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ဒေသများဖြစ်ကြောင်း၊ ဒေသခံများ၏ တင်ပြချက်များအရ စက်သုံးဆီဈေးနှုန်းများမှာ အစိုးရရည်ညွှန်းဈေးထက်...

ဘီလာရုစ်ကို စစ်ပွဲအတွင်း ဆွဲသွင်းဖို့ မကြိုးပမ်းရန် ယူကရိန်းကို လူကာရှန်ကို သတိပေး

ဘီလာရုစ်နိုင်ငံအား လက်ရှိပဋိပက္ခအတွင်း ဆွဲသွင်းရန် မည်သည့်လုပ်ရပ်မျိုးကိုမျှ လက်မခံကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၏ ကိုယ်စားလှယ်များအား သတိပေးပြောကြားခဲ့သည်ဟု ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မော်စကိုဒေသအုပ်ချုပ်ရေးမှူး အန်ဒရီ ဗိုရိုဘီယော့ဗ်နှင့် တွေ့ဆုံစဉ် လူကာရှန်ကိုက “ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးခြင်းပဲ” ဟု ပြောကြားခဲ့ပြီး ဘီလာရုစ်နိုင်ငံ၏ ရပ်တည်ချက်မှာ ငြိမ်းချမ်းရေးကို အခြေခံထားကြောင်း အလေးပေးပြောဆိုခဲ့သည်။ ထို့ပြင် ဘီလာရုစ်သည် ယူကရိန်းနှင့် အထူးသဖြင့် နယ်စပ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လိုခြင်းမရှိကြောင်း၊ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးမှုများဖြင့်...

ရေပြည့်လာသဖြင့် တောင်သမန်အင်းတွင် အပန်းဖြေလှေစီးခရီးစဉ်များ ပြန်လည်စတင်

တောင်သမန်အင်းအတွင်း ရေပြည့်လာသဖြင့် သဘာဝရှုခင်းကြည့် အပန်းဖြေလှေစီးခရီးစဉ်များကို ဇွန် ၂၅ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း တောင်သမန်ငှက်လှေအသင်းထံမှ သိရသည်။ ဧရာဝတီမြစ်ရေ တောင်သမန်အင်းအတွင်းသို့ စတင်ဝင်ရောက်လာပြီး ရေပြည့်ချိန်ရောက်ရှိလာသဖြင့် အသင်းဝင်လှေပိုင်ရှင်များက လှေစီးဝန်ဆောင်မှုများကို ပြန်လည်ဖွင့်လှစ်ပေးနေခြင်းဖြစ်ပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားအချို့လည်း လာရောက်လည်ပတ်နေကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ တောင်သမန်အင်းတွင် နှစ်စဉ် လှေအစီးရေ ၅၀ ခန့်ဖြင့် အပန်းဖြေလှေစီးဝန်ဆောင်မှုများ ပေးလျက်ရှိပြီး လှေစီးခမှာ ခရီးစဉ်အမျိုးအစားပေါ်မူတည်၍ ကျပ် ၁၅,၀၀၀ နှင့်အထက် ကျသင့်ကြောင်း သိရသည်။ ဧရာဝတီမြစ်နှင့် ဆက်စပ်နေသည့် တောင်သမန်အင်းသည် မိုးရာသီအစ ဇွန်လလယ်ခန့်မှစ၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071