Thursday, June 25, 2026

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့...

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...
HomeMoviesAYA Bank အပလီကေးရှင်း...

AYA Bank အပလီကေးရှင်း ပေါ်တယ်အဟောင်းတစ်ခုမှ အချက်အလက်အချို့ ပေါက်ကြားမှုဖြစ်ပွား၊ ပင်မဘဏ်စနစ်နှင့် ငွေကြေးဆိုင်ရာများ ထိခိုက်မှုမရှိကြောင်း ဘဏ်ဘက်မှ ရှင်းလင်း

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော ဧရာဝတီဘဏ် (AYA Bank) တွင် အသုံးပြုခဲ့သည့် ပေါ်တယ်အဟောင်းတစ်ခုမှတစ်ဆင့် သုံးစွဲသူအချို့၏ အချက်အလက်များ ပြင်ပသို့ ပေါက်ကြားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ AYA Bank က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သုံးစွဲသူ ပြည်သူများထံသို့ တရားဝင် အသိပေးချက်တစ်ရပ် ထုတ်ပြန်ကာ ရှင်းလင်းပြောကြားထားသည်။

ဘဏ်၏ ထုတ်ပြန်ချက်အရ ပေါက်ကြားသွားသော အချက်အလက်များသည် ငွေကြေးဆိုင်ရာ မဟုတ်သည့် appပေါ်ရှိ အချက်အလက်အချို့သာ ဖြစ်ပြီး၊ လက်ရှိ အများပြည်သူ သုံးစွဲနေသည့် ပင်မဘဏ်စနစ်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားခြင်း မရှိကြောင်း ထည့်သွင်းရှင်းလင်းထားသည်။

“၎င်း Portal သည် ဘဏ်၏ Core Banking System/ AYA Pay System/ Card System အစရှိသော ပင်မစနစ်များနှင့် တိုက်ရိုက်ချိတ်ဆက်ထားမှုမရှိသည့်အပြင် အခြား Systems များအား (လုံးဝ) ထိခိုက်မှုမရှိ” ဟု AYA Bank က တရားဝင် ကောက်နုတ်အတည်ပြုထားသည်။

ထို့ကြောင့် လက်ရှိအသုံးပြုနေသည့် AYA Pay၊ AYA Internet Banking နှင့် Mobile Banking စနစ်များကို သုံးစွဲသူ ပြည်သူများအနေဖြင့် ယခင်အတိုင်း စိတ်ချလက်ချ ဆက်လက်အသုံးပြုနိုင်ကြောင်း ဘဏ်ဘက်မှ အာမခံထားသည်။

ယခုကဲ့သို့ အချက်အလက် ပေါက်ကြားမှု ဖြစ်စဉ်ကြောင့် သုံးစွဲသူများအကြား စိတ်အနှောင့်အယှက် ဖြစ်ရသည့်အတွက်လည်း ဘဏ်အနေဖြင့် တောင်းပန်ကြောင်း ဖော်ပြထားသည်။

“AYA Bank သုံးစွဲသူများ၏ အချက်အလက် လုံခြုံရေးကို အမြဲတမ်းဦးစားပေးဆောင်ရွက်ခဲ့သော်လည်း ယခုဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်အတွက် AYA Bank သုံးစွဲသူများ စိတ်အနှောင့်အယှက် တစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက အနူးအညွတ်တောင်းပန်အပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ကုမ္ပဏီက ဆိုသည်။

ဘဏ်အနေဖြင့် ယခုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဆိုင်ဘာလုံခြုံရေး (Cyber Security) နည်းပညာဆိုင်ရာ လုံခြုံရေးအဆင့်မြှင့်တင်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

အများပြည်သူ စိုးရိမ်ပူပန်နေသည့် ဘဏ်တွင်းရှိ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ လုံခြုံမှု ရှိ၊ မရှိ အခြေအနေနှင့် ပတ်သက်၍လည်း AYA Bank က အောက်ပါအတိုင်း အလေးအနက် Quote ပြုလုပ်ကာ လူထုကို အသိပေးထားသည် –

“AYA Bank သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ (လုံးဝ) ဘေးကင်းလုံခြုံစွာ ရှိနေပါကြောင်းနှင့် AYA Bank ၏ ဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာဖြင့် ဆက်လက်အသုံးပြုနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်”

လက်ရှိတွင် ဘဏ်အနေဖြင့် သုံးစွဲသူပြည်သူများ၏ နားလည်ပေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပြီး၊ ဆိုင်ဘာလုံခြုံရေးစနစ်များကို ပိုမိုတင်းကျပ်စွာ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

XtraSure ၏ကောင်းသောနေ့များဆီသို့ CSR လူမှုအကျိုးပြုအစီအစဉ်ကျင်းပပြုလုပ်

မြန်မာနိုင်ငံတွင် သူမတူအကောင်းဆုံးသော Apple Experience များကို ပေးအပ်နေသော Apple Authorized Reseller ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် XtraSure ရဲ့ ကောင်းသောနေ့များဆီသို့ လူမှုအကျိုးပြု CSR အစီအစဉ်ရဲ့ ပထမဆုံးခြေလှမ်းအဖြစ် အမြင်အာရုံမသန်စွမ်းသူများအတွက် ဒစ်ဂျစ်တယ်အသိပညာပေး သင်တန်းကို ဇွန်လ (၂၄)ရက်နေ့က ရန်ကုန်မြို့ရှိ၊ Pan Pacific Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစီအစဉ်များကို ရန်ကုန်မျက်မမြင်ကျောင်း (ခဝဲခြံ)နဲ့ ပူပေါင်းပြီး သင်တန်းပို့ချသူ Trainer မဝေဖူးရဲ့ ပံ့ပိုးမှုနဲ့ အမြင်အာရုံမသန်စွမ်းသူများအတွက် လက်တွေ့သင်ကြားပို့ချမှုများ ပြုလုပ်ခဲ့ပါတယ်။ ပထမအကြိမ်သင်တန်းကို သင်တန်းသား(၃၀)ဦး...

AYA Bank Application Portal အဟောင်းမှ ငွေကြေးဆိုင်ရာမဟုတ်သော အချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပွား၊

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA Bank က အသုံးပြုခဲ့သည့် Application Portal အဟောင်းတစ်ခုမှ ငွေကြေးဆိုင်ရာမဟုတ်သော လျှောက်လွှာအချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း AYA Bank က ထုတ်ပြန်ကြေညာခဲ့သည်။ AYA Bank ၏ ထုတ်ပြန်ချက်အရ အဆိုပါ Portal သည် ဘဏ်၏ Core Banking System၊...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည်ပင်ဥပဒေ (၂၀၁၈)အတိုင်းအရေးယူမည်ဟု တိုင်းအစိုးရအဖွဲ့ပြော

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့် ထပ်မံကျူးလွန်သူများကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေ(၂၀၁၈)ပါ ပြဋ္ဌာန်းချက်များအတိုင်း ခြွင်းချက်မရှိထိရောက်စွာဆက်လက်အ ရေးယူသွားမည်ဟု ပြောသည်။ ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်ရှိ လမ်းမများနှင့် ယာဉ်ရပ်နားနိုင်သည့်နေရာများတွင် အတားအ ဆီးများချထားခြင်းမရှိစေရန် မြို့နယ်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်းပါဝင်မှသာပို မိုအောင်မြင်နိုင်မည်ဟု ပြောသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်မှစတင်ကာ လုံခြုံရေးလိုအပ်ချက်အရအတားအဆီးများချထားခဲ့သော်လည်း လက်ရှိအ ချိန်တွင် လုံခြုံရေးအရဖြေလျှော့ပေး၍ရသည့်နေရာများကိုစတင်ဖယ်ရှားပေးခဲ့ရာ ထက်ဝက်နီးပါးခန့်ဖယ် ရှားပြီးခဲ့ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071