တရုတ်နိုင်ငံ၊ Guizhou ပြည်နယ်၊ Huis hui County တွင် ဇွန်လ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် “2026 China International Sepaktakr aw Open” ပြိုင်ပွဲတွင် မြန်မာ့လက်ရွေး စင် အမျိုးသမီးပိုက်ကျော်ခြင်းအသင်းသည် ရွှေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ဆွတ်ခူးရရှိကာ နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးအသင်းသည် အသင်းကြီး (၅) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အ မျိုးသမီးလေးယောက်တွဲ (Women Quadrant Event) အုပ်စုပတ်လည်ပွဲစဉ်များတွင် ထိုင်း၊ လာအို၊ တရုတ် နှင့် ကွေ့ကျိုး(တရုတ်) အသင်းတို့ကို အနိုင်ယူကာ ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ် သည်။
အလားတူ ပြိုင်ပွဲဝင် (၅)သင်း ပါဝင်သော အမျိုးသမီးသုံးယောက်တွဲ (Women Regu Event) တွင် လည်း ထိုင်း၊ လာအို၊ တရုတ် နှင့် ကွေ့ကျိုး(တရုတ်) အသင်းတို့နှင့်ယှဉ်ပြိုင်ခဲ့ကာ မြန်မာနိုင်ငံအတွက် ကြေးတံဆိပ်ဆုတစ်ခုကို ထပ်မံဆွတ်ခူးပေးနိုင်ခဲ့သည်။
အဆိုပါ နိုင်ငံတကာပြိုင်ပွဲတွင် အောင် မြင်မှုရယူပေးခဲ့သည့် မြန်မာ့လက်ရွေး စင် အမျိုးသမီးပိုက်ကျော်ခြင်းအဖွဲ့၌ အုပ်ချုပ်သူအဖြစ် ဦးဌေးဝင်းအောင်၊ နည်းပြအဖြစ် ဦးအောင်မျိုးဆွေတို့က ဦးဆောင်ခဲ့ပြီး၊ ကစားသမားများအဖြစ် ယမုံဇင်၊ ဖူးဖူး၊ နေခြည်နွေး၊ ယဉ်ယဉ်ဌေးနှင့် သီရိအောင်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
