Tuesday, June 23, 2026

မြန်မာသမ္မတ၏ အိန္ဒိယခရီးစဉ်အပြီးစစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးအခြေအနေ သိသိသာသာ...

အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်မှလည်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရအပေါ် တရားဝင်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်စုံတစ်ရာ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ပုံရသည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။ လက်ရှိမြေပြင်အခြေအနေတွင်...

တရုတ်၏ နာမည်ကျော် နီရှင်းမြေအိုးယဉ်ကျေးမှုကို ထိတွေ့ခံစားနိုင်သည့်...

တရုတ်နိုင်ငံ၏ “နာမည်ကျော် မြေအိုးကြီးလေးမျိုး” အနက် တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ချင်ကျိုး နီရှင်းမြေအိုး (Qinzhou Nixing Pottery) ယဉ်ကျေးမှုအမွေအနှစ်များကို စုစည်းပြသထားသည့်...

ပင်လုတူးမြောင်းစီမံကိန်း ပြီးစီးပါက မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့်...

တရုတ်နိုင်ငံ၏ အနောက်ပိုင်း ကုန်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (New Western Land-Sea Corridor) အတွက် အဓိကမဟာဗျူဟာစီမံကိန်းဖြစ်သည့် ပင်လုတူးမြောင်း (Pinglu Canal)...

“တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” လင်ရှန်ခရိုင်တွင် နှစ်စဉ်...

ဂွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လင်ရှန်ခရိုင် (Lingshan County) သည် “တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” အဖြစ် လူသိများပြီး လိုင်ချီးထွက်ရှိမှုအရ ဂွမ်ရှီးဒေသတွင် အဆင့်...
HomeMoviesမြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌...

မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အကိုင်အခွင့်အလမ်းများကို နိုင်ငံတော်ကဖော်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတ ပြော

မြေပေါ်မြေအောက်သယံဇာတများ၊ အရင်းအမြစ်ကောင်းများပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံ၌ အလုပ်အ ကိုင်အခွင့်အလမ်းများကို နိုင်ငံတော်ကဖော်ဆောင်ပေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၃ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ အ ရင်းအမြစ်ကောင်းများစွာပိုင်ဆိုင်ထားပြီးဖြစ်ကာ လို အပ်နေသည်မှာ အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်ချင်စိတ်ရှိရန်ဖြစ်ပြီး အမှန်တကယ်အလုပ်လုပ်ရန်လိုသည်ဟု ပြောသည်။

” အလုပ်လုပ်ချင်စိတ်က လူတိုင်းနဲ့သက်ဆိုင်ပြီး အ လုပ်လုပ်နိုင်ဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ လိုအပ်တာကြောင့် နိုင်ငံတော်ကအလုပ်အကိုင်အခွင့်အ လမ်းတွေ အကောင်အထည်ဖော်ပေးသွားမှာပါ”ဟု နိုင်ငံတော်သမ္မတက ပြောသည်။

ထို့ကြောင့် အလုပ်လုပ်နိုင်ရန်နှင့် အလုပ်လုပ်တတ်ရန်အတွက် အသိပညာ၊ အတတ်ပညာများရှိရန်လိုအပ်၍ လိုအပ်သည်များကိုသင်ကြားပြသပေးရမည်ဖြစ်ကာ ယင်းသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းကုန်ထုတ်လုပ် ငန်းများတိုးတက်လာမည်ဖြစ်ပြီး စက်ရုံ၊ အလုပ်ရုံများ အားလုံးလည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်မှုများတိုး တက်လာစေရေးအတွက် တိုင်းနှင့် ပြည်နယ်များအ လိုက်အလေးထားဆောင်ရွက်ရမည်ဟု ပြောသည်။

ထို့ပြင် ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုများတိုးတက်လာခြင်းဖြင့် အလုပ်အကိုင်များရရှိမည်ဖြစ်ကာ ပြည် တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်လာမည်ဖြစ်ပြီး ကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးတက်အောင် ဆောင်ရွက်သကဲ့သို့ ရှိရင်းစွဲကုန်ထုတ်လုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးတက်လာမည်ဟု ပြောသည်။

ထို့အတူ နိုင်ငံတော်သမ္မတက ဘဏ္ဍာရေးနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် စီမံကိန်းများကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ယခုလာမည့် ဘဏ္ဍာနှစ်အတွင်း ပညာရေးကဏ္ဍနှင့် လမ်းပန်းဆက်သွယ်မှုကဏ္ဍများအဆင့်မြှင့်တင်ခြင်းကို အလေးထားဆောင်ရွက်ရန်လည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာသမ္မတ၏ အိန္ဒိယခရီးစဉ်အပြီးစစ်ကိုင်းတိုင်းအတွင်း လုံခြုံရေးအခြေအနေ သိသိသာသာ တိုးတက်လာပြီး ကုန်သွယ်ရေးလမ်းကြောင်းဟောင်းများ ပြန်ပွင့်ရန် အလားလာရှိမြန်မာနိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အပြီးနောက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နယ်စပ်ဒေသများနှင့် အဓိက လမ်းပန်းဆက်သွယ်ရေး ကဏ္ဍများ၌ လုံခြုံရေးအခြေအနေများ သိသိသာသာ တိုးတက်ကောင်းမွန်လာကြောင်း တွေ့ရှိရသည်။

အိမ်နီးချင်း အိန္ဒိယနိုင်ငံဘက်မှလည်း နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရအပေါ် တရားဝင်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တစ်စုံတစ်ရာ ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ပုံရသည်ဟု သုံးသပ်မှုများ ထွက်ပေါ်နေသည်။ လက်ရှိမြေပြင်အခြေအနေတွင် စစ်ကိုင်းတိုင်းအတွင်း အဓိကကျလှသည့် မုံရွာ - ယာကြီး - လာပို့ - ကလေးဝ အဝေးပြေးလမ်းမကြီးအား တပ်မတော်မှ အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ပြန်လည်ပွင့်လင်းလာခဲ့ပြီ ဖြစ်သည်။ အလားတူပင် ကလေးမြို့နှင့် တမူးမြို့ကြားရှိ မဟာဗျူဟာမြောက် အရေးပါသော ခမ်းပတ်မြို့ကိုလည်း တပ်မတော်မှ အပြည့်အဝ ပြန်လည်စိုးမိုး ထိန်းချုပ်ထားနိုင်ခဲ့ပြီ...

တရုတ်၏ နာမည်ကျော် နီရှင်းမြေအိုးယဉ်ကျေးမှုကို ထိတွေ့ခံစားနိုင်သည့် ချင်ကျိုး နီရှင်းမြေအိုးပြတိုက်

တရုတ်နိုင်ငံ၏ “နာမည်ကျော် မြေအိုးကြီးလေးမျိုး” အနက် တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် ချင်ကျိုး နီရှင်းမြေအိုး (Qinzhou Nixing Pottery) ယဉ်ကျေးမှုအမွေအနှစ်များကို စုစည်းပြသထားသည့် ချင်ကျိုး နီရှင်းမြေအိုးပြတိုက်သည် ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်ကျိုးမြို့ရှိ အထင်ကရ ယဉ်ကျေးမှုလေ့လာရေးနေရာတစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ ချင်ကျိုး Garden Expo Park အတွင်း တည်ရှိသည့် အဆိုပါပြတိုက်ကို ရိုးရာမြေအိုးပြုလုပ်ရာတွင် အသုံးပြုသည့် လက်ဖြင့်လှည့်ဆွဲပုံဖော်သည့် နည်းပညာကို အခြေခံကာ ထူးခြားဆန်းသစ်သည့် ဗိသုကာလက်ရာဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ ပြတိုက်အတွင်းတွင် နီရှင်းမြေအိုး၏ သမိုင်းကြောင်း၊ ရိုးရာထုတ်လုပ်မှုနည်းစနစ်များ၊ ရှေးဟောင်းလက်မှုပညာ ခြောက်ရပ်...

ပင်လုတူးမြောင်းစီမံကိန်း ပြီးစီးပါက မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့် တရုတ်အနောက်ပိုင်းဒေသများအကြား ကုန်သွယ်ရေးချိတ်ဆက်မှု ပိုမိုအားကောင်းလာမည်

တရုတ်နိုင်ငံ၏ အနောက်ပိုင်း ကုန်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ် (New Western Land-Sea Corridor) အတွက် အဓိကမဟာဗျူဟာစီမံကိန်းဖြစ်သည့် ပင်လုတူးမြောင်း (Pinglu Canal) စီမံကိန်းကို ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် အပြီးသတ်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ပင်လုတူးမြောင်းသည် နန်နင်းမြို့ရှိ ရှီကျင်ရေလှောင်ကန်ဧရိယာမှ စတင်ကာ ချင်ကျိုးမြို့နှင့် ဘေ့ပူပင်လယ်ကွေ့ (Beibu Gulf) သို့ ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ်ပြီး စုစုပေါင်းအရှည် ၁၃၄.၂ ကီလိုမီတာရှိသည်။ တူးမြောင်းကို တန်ချိန် ၅,၀၀၀ အထိရှိသော သင်္ဘောများ သွားလာနိုင်သည့် Class-I...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071