Tuesday, June 23, 2026

“တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” လင်ရှန်ခရိုင်တွင် နှစ်စဉ်...

ဂွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လင်ရှန်ခရိုင် (Lingshan County) သည် “တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” အဖြစ် လူသိများပြီး လိုင်ချီးထွက်ရှိမှုအရ ဂွမ်ရှီးဒေသတွင် အဆင့်...

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊...

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီး ချုပ်များ၊ ခရိုင်/ပြည်နယ်အဆင့်တာဝန်ရှိသူများအနေ ဖြင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်လိုကာ ပြည်သူ များ၏အသံကို မှန်မှန်သိရှိအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က...

ပြည်သူများ၏ လိုလားချက်နှင့် အစိုးရမူဝါဒများ ကိုက်ညီစေရေး...

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်စေရေးနှင့် ပြည်သူများ၏ လိုလားချက်များကို မှန်ကန်စွာ သိရှိနိုင်ရေးအတွက် ပြည်သူ့အသံကို...

ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများတည်ဆောက်ရန်၊ EV ကားများကို ပြည်တွင်း၌သုံးစွဲနိုင်ရေးဆောင်...

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်အတွက် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများတည်ဆောက်ရန်၊ EV ကားများကို ပြည်တွင်း၌သုံးစွဲနိုင်ရေးဆောင် ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဇွန် ၂၃ ရက်တွင်ပြုလုပ်သည့်...
HomeMoviesညောင်ခါးရှည်စစ်ဆေးရေးစခန်း ရှောင်ကွင်းလမ်းများကို စဉ်ဆက်မပြတ်...

ညောင်ခါးရှည်စစ်ဆေးရေးစခန်း ရှောင်ကွင်းလမ်းများကို စဉ်ဆက်မပြတ် ပိတ်ဆို့စစ်ဆေးမည်ဟု တိုင်းနယ်လုံဝန်ကြီး ပြော

ပဲခူးတိုင်းဒေသကြီးရှိ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းကို ရှောင်ကွင်းသွားလာသည့် လမ်းကြောင်းများတွင် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး က ပြောကြားသည်။

ဇွန် ၂၂ ရက်က ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိထားသည့် လိုင်စင်ရှိနှင့် လိုင်စင်မဲ့ မော်တော်ယာဉ်များ၊ ဆိုင်ကယ်များနှင့် စက်ပစ္စည်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံး အပ်နှံဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထို့ပြင် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူလျက်ရှိရာ ဖမ်းဆီးရမိအမှုတွဲများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံး အရေးယူဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက စစ်ဆေးရေးအဖွဲ့များအနေဖြင့် တားဆီးစစ်ဆေးဖမ်းဆီးမှုများ ဆောင်ရွက်ရာတွင် အဂတိတရားကင်းစင်စွာ ဆောင်ရွက်ကြရန်နှင့် ဥပဒေကို တိကျစွာ လိုက်နာကျင့်သုံး၍ တာဝန်ထမ်းဆောင်ကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

“တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” လင်ရှန်ခရိုင်တွင် နှစ်စဉ် လိုင်ချီးတန်ချိန် ၁၉၀,၀၀၀ ခန့် ထွက်ရှိ

ဂွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ လင်ရှန်ခရိုင် (Lingshan County) သည် “တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” အဖြစ် လူသိများပြီး လိုင်ချီးထွက်ရှိမှုအရ ဂွမ်ရှီးဒေသတွင် အဆင့် (၁)၊ တရုတ်နိုင်ငံတစ်ဝန်းတွင် အဆင့် (၂) နေရာ၌ ရပ်တည်နေသည့် အရေးပါသော လိုင်ချီးထုတ်လုပ်ရေးဒေသတစ်ခုဖြစ်ကြောင်း သိရပါတယ်။ လင်ရှန်လိုင်ချီးသည် အမျိုးသားအဆင့် ပထဝီဝင်ညွှန်းကိန်း ကာကွယ်မှုနှင့် စိုက်ပျိုးရေးထုတ်ကုန် ပထဝီဝင်ညွှန်းကိန်း အသိအမှတ်ပြုလက်မှတ်များ ရရှိထားသည့် ထင်ရှားသော ဒေသထွက်ကုန်တစ်မျိုးဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်အထိ လင်ရှန်ခရိုင်၏ လိုင်ချီးစိုက်ဧရိယာမှာ မူ (Mu) ၄၂၂,၆၀၀ ခန့်ရှိပြီး...

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ်ဝန်ကြီး ချုပ်များ၊ တာဝန်ရှိသူများ ပြည်သူ့ဆက်ဆံရေးကောင်း မွန်ရန်လို ပြည်သူများအသံကို မှန်မှန်သိရှိအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ပြော

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းနှင့် ပြည်နယ် ဝန်ကြီး ချုပ်များ၊ ခရိုင်/ပြည်နယ်အဆင့်တာဝန်ရှိသူများအနေ ဖြင့် ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရန်လိုကာ ပြည်သူ များ၏အသံကို မှန်မှန်သိရှိအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ ဇွန် ၂၃ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအ စိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတက အထက် ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပြည်သူများ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာလုပ်ကိုင်စားသောက်နေထိုင်နိုင်ရန် ၎င်းတို့ကြုံတွေ့နေရသည့် အ ခခက်အခဲများကိုဖြေရှင်းပေးနိုင်သည့်ဘက်မှဖြေရှင်းပေးရမည်ဖြစ်ကာ ပြည်သူများ၏ လိုလားချက်ကိုမှန် ကန်စွာသိမှသာ ဖြေရှင်းပေးနိုင်မည်ဖြစ်၍ ပြည်သူ့ဆက်ဆံရေးကောင်းမွန်ရမည်ဟု မှာကြားသည်။ " အစိုးရအနေနဲ့ ဖြစ်လိုတာတွေကို မူဝါဒချမှတ်ဆောင် ရွက်ရပေမယ့် ပြည်သူတွေရဲ့ဆန္ဒကို လျစ်လျူရှုလို့မဖြစ်ပါဘူး။ ပညာရေး၊...

ပြည်သူများ၏ လိုလားချက်နှင့် အစိုးရမူဝါဒများ ကိုက်ညီစေရေး ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ မှာကြား

ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရိုင်နှင့် ပြည်နယ်အဆင့် တာဝန်ရှိသူများအနေဖြင့် ပြည်သူ့ဆက်ဆံရေး ကောင်းမွန်စေရေးနှင့် ပြည်သူများ၏ လိုလားချက်များကို မှန်ကန်စွာ သိရှိနိုင်ရေးအတွက် ပြည်သူ့အသံကို အစဉ်နားထောင် ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မှာကြားသည်။ ဇွန် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက ပြည်သူများအနေဖြင့် ကိုယ်စိတ်နှလုံး ချမ်းမြေ့စွာဖြင့် လုပ်ကိုင်စားသောက် နေထိုင်နိုင်ရေးအတွက် ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို တတ်နိုင်သမျှ ဖြေရှင်းပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ “အစိုးရအနေနဲ့ မူဝါဒတွေ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071