အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ဘားအံမြို့နယ်ဦးစီးမှူး ဦးသီဟစိုးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်း သူ စုစုပေါင်း (၁၄၀) ဦးကို လူကိုယ်တိုင် စိစစ်ကာကတ်ပြားများ အခမဲ့ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ကွင်းဆင်းဆောင်ရွက်နေမှုကို ဘားအံခရိုင်ဦးစီးမှူး ဦးဝင်းကိုစိုး၊ ဘားအံခရိုင်ပညာရေးမှူး ဒေါ်သန်းစိုးနှင့် ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများထံ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း အတူ တကွ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရပါသည်။
