စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) မှ ဖွင့်လှစ်မည့် ပို့ကုန်လုပ်ငန်းစတင်လုပ်ကိုင်နည်း ရက်တိုသင်တန်း (အမှတ်စဉ်-၂၃) အတွက် သင်တန်းသား (၅၀) ဦး ခေါ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၆ ရက်မှ ၁၀ ရက်အထိ (၅) ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးမည်ဖြစ်သည်။
သင်တန်းကို အမှတ် (၂၂၈/၂၄၀)၊ စတုတ္ထထပ်၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဝင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် တစ်လက်မပတ်လည် ဓာတ်ပုံ (၃) ပုံ၊ ဘွဲ့လက်မှတ် (သို့မဟုတ်) တက္ကသိုလ်ဝင်တန်းအောင်လက်မှတ် မိတ္တူနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူတို့ကို ပူးတွဲတင်ပြရမည်ဖြစ်သည်။
အသေးစိတ် သိရှိလိုပါက ဖုန်းနံပါတ် ၀၁-၈၂၅၀၈၇၁၊ ၀၉-၄၂၁၉၄၈၈၄၆ နှင့် ၀၉-၂၅၀၀၈၈၄၃၆ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါသင်တန်းကို တစ်လလျှင် တစ်ကြိမ် ဖွင့်လှစ်သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် လူကိုယ်တိုင် လာရောက်၍ စာရင်းပေးသွင်းနိုင်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
