Sunday, June 21, 2026

တရုတ်လုပ်ငန်းရှင်များ B2B စနစ်ဖြင့် မြန်မာ့ပြောင်းဖူးကို...

တရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဖူးများကို B2B (Business to Business) စနစ်ဖြင့် ကာလရှည် ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားမှုရှိနေကြောင်း...

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။ မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ...

ဖားကန့်မြို့၌ ဥရုချောင်းရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ကာ ယနေ့ ဇွန် ၂၁ ရက်နံနက်အစောပိုင်းမှစတင်၍ ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ "ချောင်းရေတက်လာတာအရမ်းမြန်တယ်။...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက ဆန်များလှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ဒေသခံအိမ်ထောင် စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက အိမ် ထောင်စုတစ်စုလျင် ဆန်(၁၂)ပြည်နှုန်းဖြင့် ဇွန် ၂၀ ရက်တွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ " ကော့ကရိတ်မြို့ပေါ်...
HomeInternationalဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို...

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို သွားမည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် ရာထူးတာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်ပအလုပ်အကိုင်များကိုမြှင့်တင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုများကို အချက်ပြရန် ရည်ရွယ်သည့်ခရီးစဉ်တစ်ခုအနေဖြင့် မလေးရှားနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
     
ရာမန်၏ အစိုးရသည် အာရှအဓိကမိတ်ဖက်များနှင့် ဆက်ဆံရေးခိုင်မာစေသည့်အပြင် ရည်မှန်းချက်ကြီးမားသော စီးပွားရေးအစီအစဉ်ကို ပံ့ပိုးရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေချိန်တွင် ခြောက်ရက်ကြာခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
       
ရာမန်သည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နှင့် တွေ့ဆုံရန်အတွက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကွာလာလမ်ပူရ်သို့ ထွက်ခွာမည်ဖြစ်ပြီး ထို့နောက် တရုတ်ဝန်ကြီးချုပ် လီကျန်း၏ ဖိတ်ကြားချက်အရ တနင်္လာနေ့တွင် သုံးရက်ကြာ နိုင်ငံတော်ခရီးစဉ်အတွက် တရုတ်နိုင်ငံကို သွားရောက်မည်ဖြစ်သည်။
        
တရုတ်နိုင်ငံခရီးစဉ်အတွင်း စောင့်ကြည့်ရမည့် အဓိကရလဒ်တစ်ခုမှာ နှစ်နိုင်ငံ သဘောတူညီချက် ၁၅ ခု မှ ၁၇ ခု အထိကို လက်မှတ်ရေးထိုးခြင်းဖြစ်လိမ့်မည်ဟု နိုင်ငံခြားရေးဝန်ကြီး အာဆတ် အလမ်ဆင်းမ်က စနေနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ထို့အပြင် အချိန်အတော်ကြာ နှောင့်နှေးနေသော Teesta မြစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆွေးနွေးမှုများသည် အစီအစဉ်တွင် ပါဝင်မည်ဖြစ်ကြောင်းလည်း ၎င်းက အတည်ပြုခဲ့သည်။
   
ရာမန်သည် ဇွန်လ ၂၅ ရက်တွင် ဝန်ကြီးချုပ် လီ၊ ဇွန်လ ၂၆ ရက်နေ့တွင် သမ္မတ ရှီကျင့်ဖျင်တို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
      
ဘင်္ဂလားဒေ့ရှ်အစိုးရသည် စစ်တကောင်းရှိ တရုတ်စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဇုန်အတွက် တာကာ ၄၁ ဒဿမ ၈၉ ဘီလျံ (ဒေါ်လာ ၃၄၀ သန်း) တန် အခြေခံအဆောက်အဦစီမံကိန်းကို မကြာသေးခင်က အတည်ပြုခဲ့ပြီး တရုတ်ချေးငွေ တာကာ ၂၄ ဒဿမ ၆၇ ဘီလျံ ကျောထောက်နောက်ခံပြုထားသော စီမံကိန်းဖြစ်သည်။
      
စီမံကိန်းသည် အလုပ်အကိုင် ၁၀၀,၀၀၀ ခန့်ကို ဖန်တီးပေးမည်ဟု မျှော်လင့်ရပြီး ၎င်း၏ ကနဦးအဆင့်တွင် နိုင်ငံခြားတို-က်ရို-က်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၅၀၀ ကျော်ကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်ရသည်။
      
တဖန် မလေးရှားနိုင်ငံတွင် အလုပ်သမားရွှေ့ပြောင်းမှု၊ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ခေါ်ယူခြင်းနှင့် ပိုမိုကျယ်ပြန့်သော စီးပွားရေးပူးပေါင်းဆောင်ရွက်တို့ကို အဓိကထား ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။
       
မလေးရှားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမားများသွားရောက်ရာ အကြီးဆုံးနေရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ ငွေလွှဲပေးပို့မှုများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် နိုင်ငံခြားငွေရရှိရာ အရင်းအမြစ်တစ်ခုဖြစ်သည်။

Ref: သယ်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တရုတ်လုပ်ငန်းရှင်များ B2B စနစ်ဖြင့် မြန်မာ့ပြောင်းဖူးကို ကာလရှည် ဝယ်ယူရန် စိတ်ဝင်စား

တရုတ်နိုင်ငံရှိ လုပ်ငန်းရှင်များက မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းဖူးများကို B2B (Business to Business) စနစ်ဖြင့် ကာလရှည် ဝယ်ယူတင်သွင်းရန် စိတ်ဝင်စားမှုရှိနေကြောင်း ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ China Kunming ASEAN Association က မြန်မာနိုင်ငံမှ ပြောင်းဖူးများကို တရုတ်နိုင်ငံသို့ လစဉ် ကာလရှည်တင်သွင်းလိုကြောင်း ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးထံ ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ယင်းအသင်းအနေဖြင့် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များနှင့် B2B စာချုပ်များ ချုပ်ဆိုကာ လစဉ်ပုံမှန် ဝယ်ယူတင်သွင်းလိုကြောင်းနှင့် လက်ရှိဈေးနှုန်းများကို သိရှိလိုကြောင်းလည်း အသိပေးထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ...

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။ မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး ရေဝင်ရောက်နိုင်သည့်နေရာများအား သဲအိတ်များဖြင့်ကာရံထားကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ထားရှိမှုများကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးက ဇွန် ၂၀ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ချင်းတွင်းမြစ်ရေကြီးချိန်အတွင်း သက်ဆိုင်ရာများ၊ ဌာနများအလိုက် ရှာဖွေကယ်ဆယ်ရေးနှင့် သက်ကယ်ပစ္စည်းများပြည့်စုံလုံလောက်မှုရှိစေရေး၊ ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိစေရေးအတွက် စနစ်တကျကြိုတင်ပြင်ဆင်ထားရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၌ ဥရုချောင်းရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ကာ ယနေ့ ဇွန် ၂၁ ရက်နံနက်အစောပိုင်းမှစတင်၍ ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ "ချောင်းရေတက်လာတာအရမ်းမြန်တယ်။ ပထမဆုံးစပြီး ရေတွေဝင်လာတာက ကျောက်ဝိုင်းရပ်ကွက်ထဲကိုပါ။ အိမ်အနိမ့်လေးတွေဆိုရင် ကြမ်းခင်းတွေလည်းမြုပ်ကုန်တယ်။ လမ်းတွေမှာဆိုရင်လည်း တစ်ချို့နေရာတွေဆိုရင် ခါးလယ်ရောက်အထိ ရေတွေရောက်နေပြီ"ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြော သည်။ လက်ရှိအချိန်၌ ရေဝင်ရောက်မှုများပြားသည့် နေအိမ်များအတွင်းနေထိုင်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးလျက်ရှိကာ သဘာဝဘေးအန္တရာယ်နှင့်အတူကြုံတွေ့လာနိုင်သောဖြစ်စဥ်များကိုသတိပြုကြရန်လည်း သတိပေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo-Ko Myat Soe Han

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071