Home News Local News မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

0
112

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး ရေဝင်ရောက်နိုင်သည့်နေရာများအား သဲအိတ်များဖြင့်ကာရံထားကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ထားရှိမှုများကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးက ဇွန် ၂၀ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ချင်းတွင်းမြစ်ရေကြီးချိန်အတွင်း သက်ဆိုင်ရာများ၊ ဌာနများအလိုက် ရှာဖွေကယ်ဆယ်ရေးနှင့် သက်ကယ်ပစ္စည်းများပြည့်စုံလုံလောက်မှုရှိစေရေး၊ ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိစေရေးအတွက် စနစ်တကျကြိုတင်ပြင်ဆင်ထားရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here