တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်လ ၁၇ ရက် နံနက်ပိုင်းက ပေကျင်းမြို့ရှိ Beijing South Railway Station မှ ရှန်ဟိုင်းမြို့ရှိ Hongqiao Railway Station သို့ G23 အမြန်ရထားဖြင့် ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ၏ ရှန်ဟိုင်းခရီးစဉ်သည် တရုတ်နိုင်ငံခရီးစဉ်အတွင်း ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း-ရှန်ဟိုင်း အမြန်ရထားလမ်းသည် တရုတ်နိုင်ငံ၏ အရေးပါသည့် မြန်နှုန်းမြင့် မီးရထားလမ်းကြောင်းများအနက် တစ်ခုဖြစ်ပြီး မြို့ကြီးနှစ်မြို့အကြား သယ်ယူပို့ဆောင်ရေးကို လျင်မြန်ထိရောက်စွာ ချိတ်ဆက်ပေးလျက်ရှိသည်။
